KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေ

KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေ
(File Photo/EPA: KIA ကချင်လွတ်မြောက်ရေးတပ်၊ ဗိုလ်ချုပ် ဂွမ်မော်)

မတ် ၂၈

ကေအိုင်အေ - ကချင်လွတ်မြောက်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့၊ မတ်လ ၂၈ ရက် ယနေ့ နံနက်အစောပိုင်း (၃) နာရီအချိန်လောက်ကတည်းကစပြီး၊ ဖားကန့်မြို့နယ် ကံဆီး၊ ဆွတ်အောင် ၊ ကထန် အစရှိတဲ့ မှော်တစ်ဝိုက်မှာ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မနက်အစောပိုင်းက ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်မှာ အကြီးဆုံးကျောက်မျက်လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ တောက်ပကြယ်ကုမ္မဏီ အနီးက ရဲတပ်ရင်းမီးလောင်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းက နေရာသုံးနေရာလောက်မှာ တိုက်ပွဲများဖြစ်ပေါ်နေသည်ဟု သတင်းများထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်ခြင်းတော့ မရှိသေးပါ။

မတ်လ ၁၄ ရက်နေ့  စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပြည်သူတစ်ဦး အကြမ်းဖက်စစ်ကောင်စီအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ထိမှန်သေဆုံးပြီးနောက်ပိုင်း တိုက်ပွဲများ မကြာခဏ ပိုမိုဖြစ်ပွားလာခဲ့သည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့်၊ KIA - ကချင်လွတ်မြောက်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အကြား၊ ယခုရက်ပိုင်းများအတွင်း၊ တိုက်ပွဲဖြစ်ပွားမှု နေ့စဉ်နှင့်အမျှ ဖြစ်ပွားလာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly