မကြာမီထွက်မည့် တေးသီချင်း အယ်လ်ဘမ်ထဲမှ တေးသီချင်းတစ်ပုဒ်ကို ပထမဆုံး အကြိမ် ထုတ်လွှင့် ပြသသွားမယ့် Psy

မကြာမီထွက်မည့် တေးသီချင်း အယ်လ်ဘမ်ထဲမှ တေးသီချင်းတစ်ပုဒ်ကို ပထမဆုံး အကြိမ် ထုတ်လွှင့် ပြသသွားမယ့် Psy

တောင်ကိုရီးယား ရက်ပါ Psy သည် မကြာမီထွက်ရှိမည့် ၎င်း၏ တေးသီချင်း အယ်လ်ဘမ် Chiljip Psy –da မှ တေးသီချင်းတစ်ပုဒ်ကို ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

Psy သည် ၎င်း၏ သတ္တမမြောက် တေးသီချင်း အယ်လ်ဘမ် Chiljip Psy-da ထဲမှ I Remember You တေးသီချင်းကို အကြိုခံစားနိုင်စေရန် မိုဘိုင်းလ် application V တွင်  တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည်ဖြစ်ကြောင်း YG Entertainment က ပြောကြားသည်။

Psy သည် လာမည့်ငါးရက်အတွင်း Psy Little Television အစီစဉ်တွင် ည ၁၁ နာရီအချိန်၌  ဖျော်ဖြေ တင်ဆက်ပေးသွားမည် ဖြစ်သည်။ Chiljip Psy –da တေးသီချင်း အယ်လ်ဘမ်ဘမ်သည် ဒီဇင်ဘာ ၁ ရက်တွင် ထွက်ရှိမည်ဖြစ်ပြီး တေးသီချင်းအယ်လ်ဘမ် ထွက်ရှိပြီး နောက်တစ်နေ့တွင် Psy သည် ဟောင်ကောင်ရှိ Mnet Asian တေးဂီတ ဆုပေးပွဲတွင် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags