မုံရွာတွင် စစ်အာဏာရှင်တပ်တွေက ပြည်သူတွေကို ခြိမ်းခြောက်

မုံရွာတွင် စစ်အာဏာရှင်တပ်တွေက ပြည်သူတွေကို ခြိမ်းခြောက်

 

မုံရွာမြို့လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပင်မစစ်ကြောင်း လှည့်လည်ချီတက်လေ့ရှိတဲ့ ဗန္ဓုလလမ်းမကြီးပေါ်က ပြည်သူ့အရံအ တားတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဒီနေ့မတ်လ(၂၃)ရက် မနက်မှာ စက်ယန္တရားတွေအသုံးပြုပြီး ရှင်းလင်းခဲ့ကြပါတယ်။ 

အခုလို ရှင်းလင်းရေးပြုလုပ်နေတာကို ရပ်ကြည့်နေကြတဲ့ ပြည်သူလူထုကို လက်နက်ကိုင် အဖွဲ့တွေက ဆဲဆိုခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့သလို လေးဂွတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။ 

ဒီမနက် မုံရွာလူထုရဲ့ ပင်မသပိတ် စစ်ကြောင်းကတော့ တခြားရပ်ကွက်မှာ ဆက်လက်ချီတက်ခဲ့ကြတာဖြစ်တဲ့အတွက် ထိပ်တိုက်တွေ့ဆုံတာ၊အကြမ်းဖက် ဖြိုခွင်းခံရတာတော့ မရှိခဲ့ပါဘူး။

မုံရွာလူထုရဲ့ စစ်အာဏာရှင်တော်လှ န်ရေးသပိတ်စစ်ကြောင်းမှာ ပြည်သူလူထု ထောင်ချီပါ၀င်ခဲ့ကြ စစ်အာဏာရှင် ကျ ဆုံးရေး၊၂၀၀၈ ခြေ၊ဥ ဖျက်သိမ်းရေး၊ဖမ်း ဆီးခံ ခေါင်းဆောင်နဲ့ ပြည်သူတွေ ပြန်လွှတ်ပေးရေး စတဲ့ ကျွေးကြော်သံတွေနဲ့ ချီ တက်လှည့်လည်ခဲ့ကြပါတယ်။

 မုံရွာမြို့ရဲ့ အာဏာရှင်ဆန့် ကျင်ရေးသပိတ်အကြမ်းဖက် ပစ်ခတ်ခံရမှု ဖြစ်စဉ်တွေကြောင့် ပြည်သူ(၁၂)ယောက် ကျဆုံးခဲ့ရပြီး ရိုက်နှက် ဖမ်းဆီခံရထားရသူ အများအပြား ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly