ပုသိမ်မြို့ ကိုးသောင်းရပ်တွင် အသက်(၁၁)အရွယ်မိန်းကလေးငယ်အား ရဲတပ်ဖွဲ့မှအကြောင်းမဲ့ဖမ်းဆီး

ပုသိမ်မြို့ ကိုးသောင်းရပ်တွင် အသက်(၁၁)အရွယ်မိန်းကလေးငယ်အား ရဲတပ်ဖွဲ့မှအကြောင်းမဲ့ဖမ်းဆီး

ပုသိမ်မြို့စကားဝါလမ်းမကြီး ကိုးသောင်းလမ်းထိပ်တွင်မတ်လ ၁၇ရက်နေ့နံနက်ပိုင်းက ရဲနှင့်စစ်တပ်အများအပြားရောက်ရှိလာပြီးကိုးသောင်းရပ်ကွက်အတွင်းသို့ အကြောင်းမဲ့အသံဗုံးများပစ်ခတ်ခဲ့ကြောင်းသိရသည်။

၎င်းရဲနှင့်စစ်တပ်များ ကိုးသောင်းလမ်းထိပ်သို့ရောက်ရှိလာချိန်တွင် ကွမ်းယာဆိုင်အတွင်းထိုင်နေသော အသက်(၁၁)နှစ်အရွယ် မဇင်မျိုးသူဆိုသော ၆တန်းတက်မည့် မိန်းကလေးငယ်အား  အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းမျက်မြင်တချို့မှပြောသည်။

စကားဝါလမ်းမကြီးပေါ် ကိုးသောင်းလမ်းထိပ်တွင် အချက်၂၀ခန့် အသံဗုံးများပစ်ခတ်ပြီး ကိုးသောင်းရပ်ကွက်မှ ၎င်းတို့ရပ်ကွက်အတွင်းမဝင်ရောက်နိုင်ရန်တားဆီးထားသောသဲအိတ်များအား ရဲတပ်ဖွဲ့ကဖယ်ရှားက ပြန်လည်ထွက်ခွာသွားခဲ့သည်။

လက်ရှိအချိန်တွင် အသက်မပြည့်သေးသူ မဇင်မျိုးသူ၏မိခင်ဖြစ်သူက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေပြီး
ဖမ်းဆီးခံရသောကလေးငယ်အား ပြန်လွှတ်ပေးရန် ရပ်ကွက်နေပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများက ကြိုးပမ်းနေကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly