မြန်မာသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့မှု တောင်ကိုရီးယား ရပ်ဆိုင်းထားမည်

မြန်မာသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့မှု တောင်ကိုရီးယား ရပ်ဆိုင်းထားမည်

မတ် ၁၂

တောင်ကိုရီးယားသည် မြန်မာသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့မှုများကို ရပ်ဆိုင်းထားမည်ဖြစ်သလို မြန်မာနိုင်ငံနှင့်အကြား ဖွံ့ဖြိုးရေး ပရောဂျက်များကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထပ်တလဲလဲ တောင်းဆိုမှုများ ရှိသော်ငြား မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအပေါ် အကြမ်းပတမ်း အင်အားသုံး ဖြိုခွင်းမှုကို ဆက်လုပ်နေကြောင်း ဆိုးလ် အစိုးရက သောကြာနေ့တွင် ပြောသည်။

ယင်းအတွက်ကြောင့် ဆိုးလ်အနေဖြင့် မြန်မာနှင့်အကြား ကာကွယ်ရေးနှင့် လုံခြုံ‌ရေး နယ်ပယ်များတွင် အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရပ်ဆိုင်းထားမည် ဖြစ်သည်။ ထို့ပြင် ဆန္ဒပြသူများကို ဖိနှိပ်ရာတွင် အသုံးပြုနိုင်သည့် မျက်ရည်ယိုဓာတ်ငွေ့နှင့် အခြားပစ္စည်းများကဲ့သို့သော မဟာဗျူဟာကျ ပစ္စည်းများ တင်ပို့မှု ပါမစ်များနှင့်ပတ်သက်ပြီး သုံးသပ်မှုများကို ဆိုးလ်အနေဖြင့် တင်းကျပ်လုပ်‌ဆောင်သွားမည်ဖြစ်သည်။

တောင်ကိုရီးယားသည် ၂၀၁၉ နှစ်စပိုင်းနောက်ပိုင်း မြန်မာသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့ထားခဲ့ခြင်း မရှိပေ။

ဆိုးလ်အနေဖြင့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ရရှိရေး ဆက်လက်ကူညီမည်ဟု ကတိပြုခဲ့သလို မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများနှင့် ကုမ္ပဏီများကို ကာကွယ်မည့် အရေးပေါ် အစီအစဥ်များကိုလည်း စစ်ဆေးလျက် ရှိသည်။

နေပြည်တော်နှင့်အကြား ဖွံ့ဖြိုးရေး ပရောဂျက်များ ဆိုင်းငံ့ထားရေး သုံးသပ်မှုများ လုပ်ဆောင်ခြင်းနှင့်အတူ တောင်ကိုရီးယားအနေဖြင့် အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အခြေအနေများ မတည်မငြိမ်မချင်း လူသားချင်းစာနာမှုအရ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဆက်လက် နေထိုင်နိုင်စေရေး ခွင့်ပြုပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly