ကနေဒီ လုပ်ကြံခံခဲ့ရသည့် မြင်ကွင်းကို ရိုက်ကူးထားခဲ့သော ရုပ်ရှင် ပြန်ရရေးအတွက် အမေရိကန် အစိုးရကို အမျိုးသမီးတစ်ဦး တရားစွဲ

ကနေဒီ လုပ်ကြံခံခဲ့ရသည့် မြင်ကွင်းကို ရိုက်ကူးထားခဲ့သော ရုပ်ရှင် ပြန်ရရေးအတွက် အမေရိကန် အစိုးရကို အမျိုးသမီးတစ်ဦး တရားစွဲ

နိုဝင်ဘာ ၂၄ ။     ။ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က အမေရိကန်သမ္မတ ဂျွန်အက်(ဖ်) ကနေဒီ လုပ်ကြံခံခဲ့ ရသည့် မြင်ကွင်းကို ရုပ်ရှင်ရိုက်ကူးခဲ့သူ၏ မြေးမတစ်ဦးဖြစ်သူက အမေရိကန် အစိုးရအား တရားစွဲ လိုက်ကာ၊ ထိုရုပ်ရှင်ကို ပြန်လည်ပေးအပ်ရန် သို့မဟုတ် လျော်ကြေးအဖြစ် ဒေါ်လာ ဆယ်သန်း ပေးရန် တောင်းဆိုလိုက်သည်။

စနေနေ့တွင် Gayle Nix Jackson က အမေရိကန် ဖက်ဒရယ်တရားရုံး၌ အမှှုဖွင့်လိုက်ခြင်း ဖြစ်ပြီး၊ ထိုကဲ့သို့ အမှှုဖွင့်လိုက်သော နေ့မှာ ကနေဒီ လုပ်ကြံခံရမှှု ၅၂ နှစ် မပြည့်မီ တစ်ရက်အလို ဖြစ်သည်။

ကွယ်လွန်သွားပြီဖြစ်သော အဖိုးဖြစ်သူ Orville Nix ရိုက်ကူးခဲ့သည့် မူရင်းရုပ်ရှင် ပြန်ရရေးအ တွက် Jackson က ကြိုးပမ်းနေခြင်း ဖြစ်ကာ၊ မူရင်း ရုပ်ရှင် ပြန်မရပါက လျော်ကြေးပြန်ရလိုခြင်း ဖြစ်သည်။
ထိုရုပ်ရှင်ကို ကနေဒီ၏ ကားနှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းမှ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Orville Nix သည် ထိုရုပ်ရှင်ကို UPI သတင်းဌာနသို့ ဒေါ်လာ ၅၀၀၀ ဖြင့် ၁၉၆၃ ခုနှစ်က ရောင်းချခဲ့ကာ၊ နောက်ထပ် ၂၅ နှစ်ကြာလျှင် ထိုရုပ်ရှင်အား Orville Nixထံ ပြန်လည် ပေးအပ်ရမည် ဖြစ်ကြောင်း နားလည်မှှု ယူထားခဲ့ခြင်း ဖြစ်သည်။ ထိုကာလအတွင်းတွင် စုံစမ်း စစ်ဆေးရေးအတွက် ထိုရုပ်ရှင်အား အမေရိကန်အစိုးရထံ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly