မြို့နယ် ၁၀ခုမှ စည်ပင်ကော်မတီဝင်အချို့ တာဝန်ထမ်း​ဆောင်​တော့မည်မဟုတ်ကြောင်း ဆန္ဒထုတ်ဖော်

မြို့နယ် ၁၀ခုမှ စည်ပင်ကော်မတီဝင်အချို့ တာဝန်ထမ်း​ဆောင်​တော့မည်မဟုတ်ကြောင်း ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တပ်မ​တော်မှ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်ရှိ မြို့နယ်တချို့က စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များက  လက်ရှိ အာဏာသိမ်း အစိုးရလက်အောက်တွင် တာဝန်များကို ယနေ့မှစပြီး ထမ်းဆောင်တော့မည် မဟုတ်ကြောင်း မြို့နယ်အသီးသီးက စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများက ဆိုသည်။  

ဖေဖော်ဝါရီလ ၃ရက်နေ့ မနက် ၁၁နာရီနောက်ဆုံးရရှိထားသော အချက်အလက်အရ ရန်ကုန်စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့နယ် ၃၁မြို့နယ်တွင် ပုဇွန်တောင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်း၊ တာမွေ၊ ဒေါပုံ၊ ရွှေပြည်သာ၊ သာကေတ၊ မြောက်ဥက္ကလာပ စသည့်မြို့နယ်များမှ ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်အချို့သည် လုပ်ငန်းတာဝန်များကို ထမ်းဆောင်တော့မည်မဟုတ်ကြောင်း ဆိုရှယ်မီဒီယာမှတဆင့် မျှဝေထားကြသည်။  

ပြည်သူများ၏ ဆန္ဒမပါဘဲ မတရားသဖြင့် အာဏာသိမ်းယူထားသည့် လက်ရှိအစိုးရ လက်အောက်တွင် လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် အခုလို ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ဆိုသည်။  

“အရင်လို တော်လှန်ရေးကောင်စီလို နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့ဖွဲတယ် အဲ့ဒီ ဖွဲလိုက်တဲ့အဖွဲ့အစည်းအောက်မှာတော့ ဆက်လက်လုပ်ဆောင်မှာ မဟုတ်ပါဘူး။ တာဝန်ကတော့ ရပ်ဆိုင်းထားခြင်း မရှိသေးဘူး သို့သော် ဆက်လက်မလုပ်ဆောင်နိုင်တာပါ ပြည်သူနဲ့တော့ အတူရှိနေပါမယ် စည်ပင်သာယာနဲပတ်သတ်တာဆို မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ခေါင်းဆောင်တွေရဲ့ အမိန်ကိုပဲ စောင့်သွားပါမယ်။”ဟု ဦးမြင့်မြတ်သူက ဆိုသည်။  

ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအချို့လည်း စစ်အာဏာရှင်စနစ်ကို ဆန်ကျင့်သည့်အနေဖြင့် မိမိလုပ်ငန်းခွင်သို့ မဝင်သည့် ကမ်ပိန်းတစ်ခုကို ဖေဖော်ဝါရီလ ၂ရက်နေ့က စတင်ခဲ့သည်။  

စစ်အာဏာရှင်စနစ်ကို ဆန်ကျင့်သည့် လှုပ်ရှားမှုများကို ပုံစံအမျိုးမျိုးဖြင့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျှက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly