ထိန်းသိမ်းလိုက်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များထဲမှ ပြည်ခိုင်ဖြိုး ပါတီဝင်များကို ပြန်လွှတ်

ထိန်းသိမ်းလိုက်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များထဲမှ ပြည်ခိုင်ဖြိုး ပါတီဝင်များကို ပြန်လွှတ်

ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ထိန်းသိမ်းထားလိုက်ကြောင်း သက်ဆိုင်ရာ မိသားစုနှင့် အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များထံမှ သိရသည်။

ထိုသို့ ထိန်းသိမ်းခံရသူများထဲတွင် ပြည်နယ် နယ်လုံဝန်ကြီး မပါဝင်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ဝန်ကြီးများအား ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု ပြည်နယ်အစိုးရနှင့် နီးစပ်သူထံမှ သိရသည်။

ရှမ်းပြည်နယ် တရားသူကြီးချုပ်မှာလည်း ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီး ယခုတွင်မူ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အနှံ့အပြားရှိ မြို့နယ်များတွင်လည်း NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ခေတ္တ ထိနိးသိမ်းခံခဲ့ရပြီး မြို့နယ်များတွင် ခရီးသွားလာခွင့်၊ ဝင်ထွက်ခွင့်များ ပိတ်ပင်ခံထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly