တရားမဝင် ၀င်ရောက်လာသူများဖြစ်သည့်် ရိုဟင်ဂျာဆိုသူများ အကျပ်အတည်းက ဦးစားပေးကိစ္စမဟုတ်ဟု ဦးဝင်းထိန်ပြော

တရားမဝင် ၀င်ရောက်လာသူများဖြစ်သည့်် ရိုဟင်ဂျာဆိုသူများ အကျပ်အတည်းက ဦးစားပေးကိစ္စမဟုတ်ဟု ဦးဝင်းထိန်ပြော

သမိုင်းဝင်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီထိပ်တန်း အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းထိန်က ရိုဟင်ဂျာဆိုသူ လူနည်းစုများအကျပ်အတည်းက ပါတီလုပ်ငန်းစဉ်အတွက် အဓိကဦးစားပေးမဟုတ်ဟု   ပြောသည်။

"ကျွန်တော်တို့မှာ အခြားဦးစားပေးကိစ္စရပ်တွေရှိတယ်။ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းစွာ အာဏာလက်လွှဲရေး၊ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်တွေရှိတယ်။"ဟု ဦးဝင်းထိန်က ပြောကြောင်း TRAVEL အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၉ ရက်က ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်း အနိုင်ရခဲ့သည့် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပါတီ၏ လုပ်ငန်းစဉ်တွင် ရိုဟင်ဂျာဆိုသူများ ပြဿနာက အဓိကဦးစားပေး မဟုတ်ကြောင်းပြောသည်။

 ရိုဟင်ဂျာဆိုသူများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်နိုင်ငံဖြတ်ကျော်လာသူများဖြစ်ကြသည်ဟု ထောက်ပြထားရာ လက်ရှိအစိုးရ၏ ရပ်တည်ချက်နှင့် ကိုက်ညီသည်ကို တွေ့ရှိရသည်။

"ဒီပြဿနာက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးအပေါ်အခြေတည်တယ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း သက်ဆိုင်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့အားလုံးနီးပါးက ဘင်္ဂလားဒေ့ရှ်က ဝင်လာကြသူတွေဖြစ်လို့ပါပဲ။"ဟု ဦးဝင်းထိန်ကပြောသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသူများမှာ အကြမ်းဖျင်းအားဖြင့် တစ်သန်းခန့်ရှိပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်မှစကာ ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ရသူပေါင်း ၁၄၀၀၀၀ ဝန်းကျင်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

Ref ; TRAVEL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly