ဖျော်ဖြေပွဲ ကျင်းပမယ့် လီမင်ဟို

ဖျော်ဖြေပွဲ ကျင်းပမယ့် လီမင်ဟို

တောင်ကိုရီးယား မင်းသား လီမင်ဟိုသည် MINOZMANSION ဖျော်ဖြေပွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ကျောင်ဟီ တက္ကသိုလ် Grnad Peace ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ Starhausက နိုဝင်ဘာ ၁၉ ရက်က ပြောကြားသည်။

ယင်းဖျော်ဖြေပွဲသည် ၂၀၁၄ ခုနှစ်က  Reboot RE:MINHO ကမ္ဘာလှည့် ဖျော်ဖြေပွဲ ကျင်းပပြီး နောက်ပိုင်း လီမင်ဟို၏ ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပြီး ဖျော်ဖြေပွဲတွင် ၎င်း၏ ချစ်သူ ဆူဇီ ပါဝင် ဖျော်ဖြေ ခြင်း ရှိမရှိ နှင့်စပ်လျဉ်း၍  အာရုံစိုက်မှုများ ရှိနေသည်။

လီမင်ဟိုသည် ဒရမ်မာဇာတ်ကားများနှင့် ရုပ်ရှင်ရိုက်ကူးမှုများနှင့် အလုပ်ရှုပ်နေသော်ငြား လည်း ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ခြင်းသည် ပရိသတ်များကို မမေ့ကြောင်း သက်သေပြခြင်း ဖြစ်သည်။ ယခုနှစ် အစောပိုင်းကလည်း လီမင်ဟိုသည် ပရိတ်သတ်များအတွက် ကိုယ်တိုင်ရေးသားထားသော သီချင်းကို  ၎င်း၏ မွေးနေ့တွင် ထုတ်လွှင့်ပေးခဲ့သည်။

လီမင်ဟိုသည် လာမည့်နှစ် အစပိုင်းတွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲတွင် အနာဂတ်အစီ စဉ်များနှင့် အဖြစ်အပျက်များကို ပရိတ်သတ်များကို ပြောကြားရန် စီစဉ်ထားသည်။

“ကျွန်တော် အွန်လိုင်းမှာ ပြောကြားထားခြင် းမရှိတဲ့ အဖြစ်အပျက်တွေကို ပြောသွားဖို့ အစီစဉ် ရှိပါတယ်” ဟု လီမင်ဟိုက ပြောကြားသည်။ လီမင်ဟို ချစ်သူများအဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၃ ရက် တွင် လက်မှတ်များကို စတင် ဝယ်ယူနိုင်မည်ဖြစ်ပြီး အဖွဲ့ဝင်မဟုတ်သည့် ပရိတ်သတ်များသည် နိုဝင် ဘာ ၂၆ ရက်တွင် လက်မှတ်များကို စတင် ဝယ်ယူနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly