တပ်မတော်နှင့် AA အကြား လတ်တလော တွေ့ဆုံမှုများ ပြုလုပ်ရန် မရှိသေးဟုဆို 

တပ်မတော်နှင့် AA အကြား လတ်တလော တွေ့ဆုံမှုများ ပြုလုပ်ရန် မရှိသေးဟုဆို 

တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့အကြား နှစ်ဖက်မြေပြင်တပ်မှူများတွေ့ဆုံရန် စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လတ်တလော ၎င်းဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ တွင်အွန်းလိုင်းမှတစ်ဆင့်ဆွေးနွေးခဲ့ကြပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့တွင် “ဝ” ထိန်းချုပ်ဒေသ ပန်ဆန်းမြို့တွင် နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များတစ်နာရီကြာ တွေ့ဆုံခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲအပြီး မြေပြင်တပ်မှူးများတွေ့ဆုံရန်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။  

တည်းဖြတ် /တင်ဆက် - စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly