မိုးကုတ်မြို့အနီး တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်တပ်များ ပြန်ဆုတ်ခွာ  

မိုးကုတ်မြို့အနီး တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်တပ်များ ပြန်ဆုတ်ခွာ  

တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ နိုဝင်ဘာ ၂၄ ရက်နေ့ ညပိုင်းက မိုးကုတ်မြို့အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။   

အချိန် တစ်နာရီကျော်ကြာခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ တပ်မတော်ဘက်က စစ်သည်တစ်ဦး ကျဆုံးပြီး၊ တစ်ဦးဒဏ်ရာရခဲ့တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။   

“လုံခြုံရေးအဖွဲ့က သတင်းအရ မိုးကုတ်မြို့ရဲ့ မြောက်ဘက် မီတာ ၂၀၀၀ လောက်မှာ ကင်းပုန်းဝပ်တယ်။ မိုးကုတ်မြို့ရဲ့ မြောက်ဘက်က မိုင်နားရွာဘက်ကနေ TNLA ၃၀ လောက် ဝင်လာတယ်။ ဝင်လာတဲ့အတွက် တိုက်ပွဲဖြစ်ရခြင်း ဖြစ်တယ်။ ည ၇ နာရီ ၅၀ လောက်မှာ စဖြစ်တယ်။ သူတို့ မြောက်ဘက် ဆုတ်သွားတယ်။ ကျွန်တော်တို့ဘက်က ထပ်ပြီး လိုက်ရှင်းတယ်။ ည ၉ နာရီကျော်ကျော်လောက်မှာ ပြီးသွားတယ်” လို့ ဆိုပါတယ်။  

တည်းဖြတ် / တင်ဆက် - စိုးသူအောင် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly