အိုင်အက်စ် အကြမ်းဖက်တိုက်ခိုက်မှုမှာ ကမ္ဘာတွင် အစ္စလာမ်အကြောက်တရား ထွန်းကားလာစေရန်ရည်ရွယ်ဟု အီရန်သမ္မတပြော

အိုင်အက်စ် အကြမ်းဖက်တိုက်ခိုက်မှုမှာ ကမ္ဘာတွင် အစ္စလာမ်အကြောက်တရား ထွန်းကားလာစေရန်ရည်ရွယ်ဟု အီရန်သမ္မတပြော

တီဟီရန်၊ နိုဝင်ဘာ-၁၈ ။            ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက ပြုလုပ်ခဲ့သည့် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများမှာ ကမ္ဘာနှင့်အဝန်းတွင် အစ္စလာမ်အကြောက်တရားကို ဖန်တီးရန် ရည်ရွယ်ကြောင်း အီရန်သမ္မတ ဟာဆန် ရိုဟန်နီက ပြောကြားခဲ့သည်။

အင်္ဂါနေ့က တီဟီရန်တွင် ကျင်းပသည့် အီရန်ယဉ်ကျေးမှုတော်လှန်ရေး အီရန်ကောင်စီ အစည်းအဝေးသို့ တက်ရောက်လာစဉ် ရိုဟန်နီက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ဆက်လက်ပြီး အစ္စလာမ်မှာ အကြင်နာတရားနှင့် ငြိမ်းချမ်းသည့် ဘာသာတရားဖြစ်သောကြောင့် အထူးသဖြင့် မွတ်စလင်များစွာ နေထိုင်နေကြသည့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အစ္စလာမ်အကြောက်တရားကို ထွန်းကားစေသောကြာင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ခွင့်မပြုသင့်ကြောင်းလည်း ရိုဟန်နီက ပြောကြားခဲ့သည်။

မည်သည့်ပုံစံနှင့်မဆို အကြမ်းဖက်လှုပ်ရှားမှုများကို အီရန်က ရှုတ်ချကြောင်းနှင့် အပြစ်မဲ့ မိန်းမ၊ ကလေးနှင့် အရပ်သားများ၏အသက်များကို သတ်ဖြတ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို တစ်ကမ္ဘာလုံးက တစည်းတလုံးတည်းဖြင့် ဆန့်ကျင်တိုက်ဖျက်သင့်ကြောင်းလည်း ရိုဟန်နီက ပြောကြားခဲ့သည်။  

အိုင်အက်စ်အကြမ်းဖက်သမားများ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် ရံပုံငွေများ မည်သည့်နေရာမှ ရရှိနေသည်ကို ဖော်ထုတ်ရန်လည်း အရေးကြီးကြောင်း ရိုဟန်နီက အလေးအနက် ပြောကြားခဲ့သည်။

လူပေါင်း ၁၃၂ယောက် သေဆုံးခဲ့ရပြီး၊ ၃၅၀ခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည့် ပါရီတိုက်ခိုက်မှုများနှင့် အရပ်သား၄၀ကျော်သေဆုံးခဲ့ရသည့် လက်ဘနွန်မြို့တော် ဘေရွတ်ဗုံးခွဲမှုများအပြီးတွင် ရိုဟန်နီက ယခုကဲ့သို့ မှတ်ချက်စကား ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly