One More Happy Ending ဒရမ်မာဇာတ်ကားတွင် ဂျန်နာရာ ပါ၀င် သရုပ်ဆောင် သွားမည်

One More Happy Ending ဒရမ်မာဇာတ်ကားတွင် ဂျန်နာရာ ပါ၀င် သရုပ်ဆောင် သွားမည်

တောင်ကိုရီးယား မင်းသမီး ဂျန်နာရာသည် MBC ရုပ်သံ၏ One More Happy Endings  ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။ “ဂျန်နာရာဟာ One More Happy Ending ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းက အမှန်ပါပဲ။ လက်ရှိအချိန်တွင် သူမ ပါဝင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ၎င်း၏ အေဂျင်စီက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

One More Happy Ending ဇာတ်ကားသည် ကွာရှင်းပြတ်စဲခဲ့ပြီး  ဒုတိယ အိမ်ထောင် ထူထောင်လိုသည့် သူများအားလုံးကို လမ်းညွန်မှုများပေးသည့် ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားသည် လက်ထပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာနှင့် နောက်အိမ်ထောင် ပြုသူများ၏ ကြုံတွေ့ရသည့် အခက်အခဲများအကြာင်းကို အခြေခံထားပြီး လက်ထပ်ခြင်း၊ နောက်အိမ် ထောင်ပြုခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း အကြာင်းကို ပုံဖော်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။

ဂျန်နာရာသည် ကွာရှင်းပြတ်စဲပြီးနောက် လွတ်လပ်သည့် အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဂျန်နာရာသည် နောက်အိမ်ထောင် ပြုချင်သူများအတွက် အကြံ ဉာဏ်ပေးသည့် ဒုတိယ အိမ်ထောင်ထူထောင်ခြင်းဆိုင်ရာ အကြံဉာဏ်ပေးမှု ကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းဇာတ်ကားကို ၂၀၁၆ ဇန်နဝါရီလတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly