အာဏာချောမောစွာ လွဲပြောင်းပေမည်ဟု နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန် ကတိကဝတ်ပြု

အာဏာချောမောစွာ လွဲပြောင်းပေမည်ဟု နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန် ကတိကဝတ်ပြု

ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြီးစီးသည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတီအား ချောမွေ့ညင်သာစွာ အာဏာလွဲပြောင်းပေးမည်ဟု နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ကတိပေးပြောကြားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ကတိပေးပြောကြားခြင်းဖြစ်သည်။

ကြေညာထားသည့် ရွေးကောက်ပွဲရလဒ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားသည်။

အာဏာလွဲပြောင်းပေးပြီပါက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံရေးအုပ်ချုပ်မှု နိဂုံးချုပ်မည်ဖြစ်သည်။

နိုင်ငံပါတီပေါင်းစုံနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က နောက်တက်မည့် အစိုးရထံ တာဝန်များအားလုံးကို အစီစဉ်တကျ စနစ်တကျ အာဏာလွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဘာမှ စိုးရိမ်စရာမလိုဘဲ အာဏာကို ချောချောမောမောနဲ့ တည်တည်ငြိမ်ငြိမ် လွဲပြောင်းပေးသွားမှာပါ။"ဟု ဦးသိန်းစိန်က ပြောခဲ့သည်။

ထိုသို့ ကတိကဝတ်ပြု ပြောကြားခြင်းကို သမ္မတဦးသိန်းစိန်က အစောပိုင်းက မှတ်ချက်ပြုပြောကြားထားပြီးဖြစ်သော်လည်း ယခုတွင် လူထုထံ တရားဝင်ပြောကြားလာခြင်းဖြစ်သည်။

အောင်မြင်သည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာအောင် ၎င်း၏ ပြည်ခိုင်ဖြိုးပါတီက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ စွမ်းဆောင်ခဲ့ခြင်းမှ ရလဒ်တစ်ခုဖြစ်ကြောင်းလည်း သမ္မတက ပြောသည်။

စစ်တပ်ကလည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်လိုက်နာမည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly