သီရိလင်္ကာသမ္မတနှင့် ဝန်ကြီးချုပ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကားပါး

သီရိလင်္ကာသမ္မတနှင့် ဝန်ကြီးချုပ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကားပါး
(ဓာတ်ပုံ-အီးပီအေ)

သီရိလင်္ကာသမ္မတနှင့် ဝန်ကြီးချုပ်တို့က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၁၄ ရက်က ဂုဏ်ပြုချီးကျုးသည့် သဝဏ်လွှာ ရေးသားပေးပို့ခဲ့သည်။

သမ္မတMaithripala Sirisena က "နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုအပ်ကြောင်း" ရေးသားကာ "မြန်မာပြည်သူလူထု၏ ခိုင်မာတဲ့ ထောက်ခံမှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးလေးနက်နက် ယုံကြည်ကြကြောင်းကို ထင်ဟပ်ပြခြင်းပင်ဖြစ်ပြီး နိုင်ငံအား အပြုသဘောလက္ခဏာများ ထွန်းကားပြီး အောင်မြင်မှုရရန် အတွက် ခေါင်းဆောင်မှုပေးရန် ယုံကြည်ကိုးစားခြင်းကို ပြသရာရောက်ပါကြောင်း" ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဖြစ်သူ Ranil Wickremesinghe ကလည်း နိုင်ငံရေးအကျဉ်းသားအဖြစ်မှ တရားဝင်နိုင်ငံခေါင်းဆောင်ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုလွှာပါးရာတွင် "မလျှော့တမ်းရုန်းကန်ခဲ့ကာ နိုင်ငံဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းသောလမ်းတွင် ကိုယ်တိုင်အနစ်နာခံကာ တိုက်ပွဲဝင်ခဲ့ခြင်းဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိလိုက်ခြင်းပင်ဖြစ်ကြောင်း" ချီးကျုးဂုဏ်ပြုထားသည်။

"ပြည်သူတို့ရဲ့ ခိုင်မာတဲ့ ထောက်ခံမှုက နိုင်ငံအတွက် ဦးဆောင်သူအဖြစ် ယုံကြည်သက်ဝင်ထားကြခြင်းကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း"ဝန်ကြီးချုပ်က ချီးကျုးထားသည်။

Ref: ColomboPage

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly