The Rock Show မန္တလေးမြို့တွင် ကျင်းပမည်

The Rock Show မန္တလေးမြို့တွင် ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄။ ။ ၁၃၀ ပြည့်နှစ် ပါတော်မူနေ့ အထိမ်းအမှတ်အဖြစ် S.I.R The Rock Show ကို နိုဝင်ဘာ ၂၈ရက်တွင် မန္တလေးမြို့ရှိ swan hotel ၌ ကျင်းပသွားမည် ဖြစ်သည်။

The Rock Show ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၃ရက်တွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပခဲ့သည်။

ထိုဖျော်ဖြေပွဲကို ၁၃၀ ပြည့်နှစ် ပါတော်မူနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ပြီး Nine Planets Entertainment မှ စီစဉ်ကာ Blue Mountain အချိုရည် မှ ပါဝင် ပံ့ပိုးကူညီပေးထားသည်။

အဆိုတော် ရေမွန် မှ “S.I.R ထုံးစံ အတိုင်း band တစ်ခုစီကို ၁၁ပုဒ်စီတော့ ဖျော်ဖြေဖြစ်ပါတယ်။ ပြီးတော့ အတွဲ ဖျော်ဖြေတာတွေ S.I.R vocalist တွေ အချင်းချင်း တွဲပြီးဆိုတဲ့ ဟာလေးတွေပါမယ်” ဟု ပြောသည်။

ကြိုတင် လက်မှတ်များကို နိုဝင်ဘာ ၁၆ရက်မှ စတင်ကာ တစ်စောင်လျှင် ကိုးထောင်ကျပ်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး ပထမဆုံး ကြိုတင်လက်မှတ် အစောင် ၁၃၀အတွက် ပွဲ T-Shirt များကို လက်ဆောင်ထည့်သွင်း ပေးထားပြီး ADK advertising & media office တွင် လက်မှတ်ပြပြီး ထုတ်ယူ နိုင်မည် ဖြစ်သည်။

အထူး အစီအစဉ် အနေဖြင့် ပရိသတ်များအတွက် ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကာ S.I.R signature ပါသည့် hallow guitar နှင့် Nine Planets signature ပါသည့် hallow guitar နှစ်လက်ကို မဲဖောက် ပေးသွားမည် ဖြစ်သည်။

ကြိုတင် လက်မှတ်များကို မန္တလေး မြို့ ၇၃ လမ်းရှိ Ocean Super Center ၊ ၁၉လမ်းရှိ City Mart Super Market ၊ Diamond Plaza ရှိ Ocean Super Center ၊ ADK advertising & media office တို့တွင် ဝယ်ယူ ရရှိ နိုင်မည် ဖြစ်သည်။

S.I.R The Rock Show ကို နိုဝင်ဘာ ၂၈ရက်တွင် မန္တလေးမြို့ရှိ swan hotel ၌ ည ၆နာရီ မှ စတင်ကာ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly