ရန်ကုန်ဆေးရုံကြီးတွင် COVID-19 ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄၀ ဝန်းကျင်ရှိလာ

ရန်ကုန်ဆေးရုံကြီးတွင် COVID-19 ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄၀ ဝန်းကျင်ရှိလာ

ဒီကနေ့အထိဆိုရင်  ရန်ကုန်ဆေးရုံကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် COVID-19 ကူးစက်ခံရတဲ့  ကျန်းမာရေးဝန်ထမ်း ၄၀ ဝန်းကျင် ရှိလာပြီလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အရေးပေါ်ဌာနတာဝန်ခံ ပါမောက္ခေ ဒေါက်တာမော်မော်ဦးက မဇ္ဈိမကို ပြောပါတယ်။

COVID-19  မြန်မာပြည်မှာစတင်ဖြစ်ပွားခဲ့တဲ့ကာလတစ်လျောက် ကူးစက်ခံရသူစရင်းထဲမှာ  အရေးပေါ်ဌာနက အထူးကုဆရာဝန် ၂ ယောက်နဲ့ သူနာပြု ၆ ယောက်လည်းပါဝင်ထားတယ်လို့  သူကဆိုပါတယ်။

တည်းဖြတ် / တင်ဆက် - စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required