စက်တင်ဘာ ၁၄
ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၅ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်မှာ “ဝ”၊ မိုင်းလားအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နောက်ပြီး ရခိုင်မှာတာဝန်ထမ်းဆောင်နေရင်း COVID-19 ကူးစက်ခံခဲ့ရတဲ့ တပ်မတော်သားရဲ့အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ မဇ္ဈိမအကြီး တန်းသတင်းထောက် စိုးသူအောင်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်၊