ကမ္ဘောဒီးယား-လာအို-မြန်မာ ရန်ပုံငွေတွင် ရင်းနှီးမြှုပ်နှံရန် ဒက်ချ်ဘဏ် ချိန်ဆနေ

ကမ္ဘောဒီးယား-လာအို-မြန်မာ ရန်ပုံငွေတွင် ရင်းနှီးမြှုပ်နှံရန် ဒက်ချ်ဘဏ် ချိန်ဆနေ

သြဂုတ် ၁၀

နယ်သာလန်နိုင်ငံ ဖွံ့ဖြိုးမှုဘဏ် (FMO) သည် COVID-19 နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ယင်း၏ ရင်းနှီးမြှုပ်နှံမှုအစုစုကို အထောက်အပံ့ပြုမှုအဖြစ် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အစည်း Emerging Markets Investment Advisers (EMIA) အတွက် ဒုတိယမြောက် ရန်ပုံငွေ မတည်မှုထဲသို့ နောက်ထပ် ဒေါ်လာ ၁ ဒသမ ၄ သန်း ထည့်ဝင်နိုင်ကြောင်း သိရသည်။

တိုးမြှင့်ထားသည့် ငွေကြေးထောက်ပံ့မှုသည် ကမ္ဘောဒီးယား-လာအို-မြန်မာ ဖွံ့ဖြိုးရေး ရန်ပုံငွေ (၂) (CLMDF ll) ၏ နောက်ဆက်တွဲ ထပ်တိုး အရန်ငွေပိုင်းကို ဖြည့်တင်းပေးနိုင်မည်ဟု နယ်သာလန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်တစ်ခုဖြစ်သည့် FMO က မျှော်လင့်နေသည်။

“ရန်ပုံငွေရဲ့ ရင်းနှီးမြုှပ်နှံမှု investee ( ရင်းနှီးမြုပ်နှံမှုလက်ခံပေးသူ) လုပ်ငန်းတွေဘက်က ဒူပေနာပေခံနိုင်မှု ရှိတယ်ဆိုတာကို ပြသထားတယ်ဆိုပေမယ့်လည်း ရှေးအနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လျာထားတဲ့ ရင်းနှီးငွေတွေကတော့ လော့ခ်ဒေါင်းကာလအတွင်းမှာ လုပ်ကိုင်ရတဲ့ ရင်းနှီးငွေနဲ့ လုပ်ငန်းလည်ပတ်ရတဲ့ စရိတ်တွေကို စိုက်ထုတ်သုံးစွဲဖို့ လျော့နည်းသွားခဲ့ပါပြီ၊ ရန်ပုံငွေရဲ့ နောက်ဆက်တွဲ ထပ်တိုးမဟာဗျူဟာအပေါ်မှာလည်း ထိခိုက်ထားစေခဲ့ပါတယ်” ဟု FMO က ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်တစ်ရပ်တွင် ပြောထားသည်။

ရင်းနှီးငွေကို အကျပ်အတည်းကာလအတွင်းနှင့် ကာလအလွန်တွင် CLMDF ll ၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၃ ခုကို ထောက်ပံ့ပေးရန် မျှော်လင့်ရသည်။

“ကတိပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်း တိုးမြင့်လိုက်တာက ရန်ပုံငွေကို ယင်းရဲ့ တန်ဖိုးဖန်တီးမှုပိုင်း ရည်မှန်းချက်တွေ အောင်မြင်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်သလို ရင်းနှီးမြှုပ်နှံမှု investee လုပ်ငန်းတွေကိုလည်း သူတို့ရဲ့ ကနဦး ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေ ပြည့်မီအောင် ထောက်ကူပေးနိုင်ပါလိမ့်မယ်” ဟု FMO က ဖြည့်စွက်ပြောသည်။

၂၀၁၅ ခုနှစ်က CLMDF ll ၏ ပထမဆုံးအကြိမ် ရန်ပုံငွေမတည်မှုတွင် FMO က ဒေါ်လာ ၁၀ သန်း ကတိပြုထားခဲ့သည်။ ရန်ပုံငွေသည် ကုမ္ပဏီ ၁၃ ခုတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဒေါ်လာ ၆၄ ဒသမ ၅ သန်းဖြင့် ပိတ်ခဲ့သည်။ ယင်းကုမ္ပဏီတို့အနက် အများစုသည် ကမ္ဘောဒီးယားတွင် ရှိနေကြသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီလေးခုနှင့် လာအိုနိုင်ငံရှိ ကုမ္ပဏီ သုံးခုတို့လည်း ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့ကြသည်။

လုပ်ငန်းအနေဖြင့် ဒုတိယမြောက် ရန်ပုံငွေ၏ နောက်ဆက်တွဲ အရန်ငွေပိုင်းအတွက် ငွေကြေးထည့်ဝင်မှု ကတိကဝတ်များ တိုးမြင့်နိုင်ရန် ရင်းနှီးမြုှပ်နှံသူများနှင့်အတူ လက်တွဲအလုပ်လုပ်ကိုင်မှုအပေါ် အာရုံစိုက်ထားကြောင်း EMIA ၏ စီအီးအို Joshua Morris က ပြီးခဲ့သည့်လက DealStreetAsia ကို ပြောသည်။

နောက်ထပ် ရန်ပုံငွေအသစ်အတွက် ဒေါ်လာ သန်း ၁၂၀ အထိ မတည်နိုင်ရန် EMIA အနေဖြင့် ရှိရင်းစွဲ ပါတနာများသာမက ပါ့တနာအသစ်များကိုပါ လက်တွဲနိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ထုတ်ဖော်သွားသည်။

တတိယမြောက် ရန်ပုံငွေမတည်မှုတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့ရှိ  ရှိရင်းစွဲ ရင်းနှီးမြုှပ်နှံမှု မဟာဗျူဟာ  အတိုင်း ဆက်သွားမည်ဖြစ်ပြီး မတူညီသော လုပ်ငန်းကဏ္ဍအမျိုးမျိုးကို အလေးထားသွားမည်ဖြစ်ကြောင်း ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly