‘Gone With The Wind’ စတား မင်းသမီးကြီး Olivia de Havilland ကွယ်လွန်

‘Gone With The Wind’ စတား မင်းသမီးကြီး Olivia de Havilland ကွယ်လွန်

ဇူလိုင် ၂၇

နာမည်ကျော် ‘Gone With The Wind’ လေရူးသုန်သုန် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် ဗြိတိန်-အမေရိကန်မင်းသမီးကြီး Olivia de Havilland သည် ဇူလိုင် ၂၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဟောလိဝုဒ် သတင်းထောက်တစ်ဦးက ပြောသည်။

ဟောလိဝုဒ် ရွှေခေတ်၏ နောက်ဆုံးကျန်ရှိနေသော မင်းသမီးကြီးအဖြစ် ယူဆနိုင်သည့် Olivia de Havilland သည် ကွယ်လွန်ချိန်တွင် အသက် ၁၀၄ နှစ် ရှိပြီ ဖြစ်သည်။

သူမသည် နှစ် ၆၀ ကျော်ကြာ နေထိုင်ခဲ့သည့် ပါရီမြို့ရှိ သူမ၏ နေအိမ်တွင် ၉၆ ပါး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

မင်းသမီးကြီး De Havilland ၏ သရုပ်ဆောင် လုပ်သက်ထဲတွင် ဟောလိဝုဒ်၏ စတူဒီယိုစနစ်အပေါ် အနိုင်ယူနိုင်မှု၊ ညီမဖြစ်သူ မင်းသမီး Joan Fontaine နှင့် ကာလကြာ မတည့်မှုတို့လည်း ပါဝင်နေခဲ့သည်။

သူမသည် ၁၉၃၀ ပြည့်နှစ်က စတင်သည့် ရုပ်ရှင်စီးရီးတစ်ခုတွင် မင်းသား Errol Flynn နှင့်အတူ တွဲဖက်သရုပ်ဆောင်ရင်း စတင်လူသိများလာခဲ့သည်။ ယင်းနောက် ၁၉၃၉ ခုနှစ်က နာမည်ကျော် ‘Gone With The Wind’ ရုပ်ရှင်ကားကြီးတွင် သိမ်မွေ့နူးညံ့သည့် မယ်လင်နီယာ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ယင်းနောက် သူမသည် ၁၉၄၆ ခုနှစ်က “To Each His Own” နှင့် ၁၉၄၉ ခုနှစ် “The Heiress” ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ရင်း အော်စကာဆုများ ရရှိခဲ့သည်။

ဂျပန်တွင် အင်္ဂလိပ်မိဘများကနေ မွေးဖွားပြီး အမေရိကန်နိုင်ငံသား ခံယူခဲ့သည့် De Havilland သည် ၁၉၅၃ ခုနှစ်ကတည်းက ပါရီတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

သူမသည် အနားယူပြီးနောက်ပိုင်း လူရှေ့ထွက်မှု နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်က ၇၅ ကြိမ်မြောက် အကယ်ဒမီဆုရှိုးပွဲတွင် ပါဝင်တက်ရောက်ရန် ဟောလိဝုဒ်သို့ ပြန်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly