ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ကို အခုလိုတရားစွဲတဲ့အပေါ် ရှုတ်ချဟု သံချပ်အဖွဲ့ဝင် ကိုဖိုးသားပြော

ဒေါင်းတို့မျိုးဆက်သံချက်အဖွဲ့ကို အခုလိုတရားစွဲတဲ့အပေါ် ရှုတ်ချဟု သံချပ်အဖွဲ့ဝင် ကိုဖိုးသားပြော
ဓာတ်ပုံ  - ပိုင်ရဲသူ

ဇွန် ၂၆

မြို့နယ် ခြောက်မြို့နယ်တွင် တရားစွဲဆိုခံခဲ့ရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့တစ်ဦးဖြစ်သော ကိုဖိုးသားသည် လွတ်ရက်စေ့သည့်အတွက် အင်းစိန် အကျဉ်းထောင်မှ ဇွန်လ ၂၆ရက်က ပြန်လည်လွတ် မြောက်ခဲ့သည်။

ဗိုလ်တထောင်တရားရုံးနှင့် မရမ်းကုန်းမြို့နယ်များတွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက သံချပ်ထိုးသည့် ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည့်အတွက် ယင်းတရားရုံးများမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံထားရပြီးနောက် ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

“ ထောင်ထဲမှာတစ်နှစ်နဲ့နှစ်လကျော်ကျော်နေရတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရယ်၊လျော့ရက်တွေနဲ့ ဒီကနေ့ပြန်လွတ်လာတာပါ။ အခုမျိုးတရားစွဲတာကို ရှုပ်ချတယ်။ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ရဲဘော်တွေကို ဆက်ဝန်းရံ မယ်။သံချပ်ကို ဆင်ဆာကင်းလွတ်အောင် ဆက်လုပ်ဆောင်မယ်” ဟု ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့မှ ကိုဖိုးသားက မဇ္ဈိမသို့ပြောသည်။

ကိုဖိုးသားနှင့်အတူ ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် အကျဉ်းကျနေသည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့မှာ ထောင်ဒဏ် ၂နှစ်ခွဲ၊ ၅နှစ်ခွဲ၊ ၆နှစ် အသီးသီးဖြင့် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေသည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများမှ ကူးပြောင်းခဲ့သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒ ရဲမြို့နယ် တရားရုံး၊ ဖျာပုံမြို့နယ်တရားရုံး၊ မအူပင်မြို့နယ် တရားရုံး၊ ပုသိမ်မြို့နယ် တရားရုံးများတွင် တစ်ပြိုင် တည်း တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly