သိမ်းဆည်းရမိသည့်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ တပ်မတော်မှလာရောက်စစ်ဆေး

သိမ်းဆည်းရမိသည့်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ တပ်မတော်မှလာရောက်စစ်ဆေး

ဧပြီလ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ၊ (ဈ)ရပ်ကွက်၊စက္ကဝတ်(၁)လမ်းရှိ နေအိမ်အတွင်းမှ သေနတ် အပါအဝင်ဆက်စပ်ပစ္စည်းများနှင့် ဓားများ ကို ဧပြီလ ၂၈ ရက်နေ့ ညက ဖမ်းဆီးရမိခဲ့ကြောင်းကို မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှာ စုံစမ်းသိရှိရသည်။

မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားရာတွင် “ဟုတ်ပါတယ်။ မနေ့ညကမိတာပါ။ အခု အဓိကသံသယရှိသူကိုဖမ်းဆီးရမိဖို့အတွက် လုပ်ဆောင်နေပါတယ် “ ဟု မဇ္ဈိမသတင်းဌာန ကိုအတည်ပြုဖြေကြားသည်။

ယင်းနေအိမ်အတွင်းတွင် တရုတ်နိုင်ငံလုပ်လေသေနတ်အမျိုးစားနှစ်လက်တွင်လေအိုးဖြင့် ပစ်ရသည့် သေနတ်တစ်လက် ပါဝင်ကြောင်း နှင့် ဆက်စပ်ပစ္စည်းများ ကိုလာရောက်စစ်ဆေးသည့် ရန်ကုန်တိုင်းဒေသကြီး လစရ (၄) လက်နက်စစ်ဆေးရေးအဖွဲ့ မှတာဝန်ရှိသူတစ်ဦး ကလည်း အခုလိုပြောဆိုခဲ့သည်။

“ပြောင်းရှည် နှစ်လက်ပါ။ တရုတ်နိုင်ငံထုတ် လေသေနတ်အမျိုးအစားပါ။ တစ်လက်က လေအိုးနဲ့တပ်ပစ်ရတဲ့ဟာပါ။ကျန်တာက သူဆက်စပ်ပစ္စည်းတွေ ကိုပါလာရောက်စစ်ဆေးနေတာပါ “ ဟု မဇ္ဈိမသတင်းဌာနကို ဖြေကြားခဲ့သည်။

အဆိုပါနေအိမ်တွင်နေထိုင်သူများသည်ထွက်ပြေးတိမ်းရှောင်နေပြီးနေအိမ်အတွင်းတွင် သေနတ်နှစ်လက်နှင့်ဆက်စပ်ပစ္စည်းများဒါ့အပြင်ဓားအလက်နှစ်ဆယ်ခန့်တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းနေအိမ်တွင် နေထိုင်သည့် သံသယရှိသူကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးရှာဖွေ လျက်ရှိကြောင်းကို မြောက်ဥက္ကာလပ ရဲစခန်းမှာ သိရသည်။

ထိုအမှုကို မြောက်ဥက္ကလာပ မြို့မရဲစခန်း က ပ ၊ ၉၈၂ /၂၀၂၀  လက်နက်ဥပဒေပုဒ်မ  ၁၉ (စ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly