Case -33 နေထိုင်ခဲ့သည့် ရွှေပြည်သာမှ အဆောင်ကို LOCK DOWN ပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၂

COVID- 19 အတည်ပြုလူနာ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးနေထိုင်ခဲ့သည့် ရွှေပြည်သာက အဆောင်ကို အာဏာပိုင်တွေက LOCK DOWN ပြုလုပ်လိုက်ပြီဟု  COVID -19 အရေးပေါ်တုံ့ပြန်ရေး-ရွှေပြည်သာ မှသိရသည်။

COVID -19 အရေးပေါ်တုံ့ပြန်ရေး-ရွှေပြည်သာ  ကို COVID- 19 ကာကွယ်တားဆီးရေးနှင့် သတင်းအချက်အလက်များမျှဝေအသိပညာပေးနိုင်ရန်ဟုဆိုကာ လွှတ်တော်အမတ်များနှင့် အာဏာပိုင်များအပြင် ပြည်သူများပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းနေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ အမှတ်(၄၈၇)၊ ရတနာမိုးလမ်း၊ အမှတ်(၁) ရပ်ကွက်ရှိ အဆောင်တွင် လူဦးရေ (၂၀)ခန့်နေထိုင်နေကြကြောင်းသိရှိရသည်။

ထို့ကြောင့် Volunteers များမှ အဆောင်ပတ်ဝန်းကျင် အားဆေးဖျန်းခြင်း၊ အဆောင်အား သွားလာမှု ကန့်သတ်စောင့်ကြပ်ခြင်းများနှင့် ၎င်းလမ်းအား LOCK DOWN ပြုလုပ်ခြင်းများ လုပ်ဆောင်နေသည်။

အဆိုပါ Case - 33 သည် ကျန်းမာရေးမကောင်းပါသဖြင့် လွန်ခဲ့သော ၁၀ ရက်ခန့်မှ စတင်ကာအပြင်ထွက် စျေးမဝယ်ဘဲ ၎င်း၏ ခင်ပွန်းသာ ၁၀ ရပ်ကွက် ၃၄ စျေးတွင် စျေးဝယ်ထွက်လေ့ရှိကြောင်းသိရှိရပါသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-033) မှာ ရွှေပြည်သာမြို့နယ်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ဧပြီ ၇ ရက်နေ့မှစတင်ကာ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသသည်။

ထို့ကြောင့် ဧပြီ ၁၀ ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့တွင် ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ရာ  COVID- 19 လူနာအဖြစ် အတည်ပြုနိုင်ခဲ့သည်။

ဧပြီ ၁၂ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အဆိုပါအမျိုးသမီအပါအဝင် စုစုပေါင်းလူ ၈ ဦးတွင်ပါ COVID- 19 ကူးစက်ခံရကြောင်းအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူများဆုံးနေ့လည်းဖြစ်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID- 19 အတည်ပြုလူနာ ၃၈ ဦးအထိရှိသွားပြီဖြစ်ကာ သေဆုံးလူနာမှာ ၃ ဦးအထိရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly