COVID -19 ခေါ် ပြင်းထန်ကူးစက်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ သံသယရှိလူနာများနှင့် ၎င်းတို့အား ပြုစုစောင့်ရှောက်သူများလိုက်နာရန်အချက်များ

COVID -19 ခေါ် ပြင်းထန်ကူးစက်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ သံသယရှိလူနာများနှင့် ၎င်းတို့အား ပြုစုစောင့်ရှောက်သူများလိုက်နာရန်အချက်များ

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

     – လူနာအား လေဝင်လေထွက်ကောင်းသော အခန်းတစ်ခုထဲတွင်ထားပါ (ပြတင်းပေါက်များနှင့် တံခါးပါ ဖွင့်ထားပါ)

     – လူနာအားနေအိမ်ထဲတွင်တတ်နိုင်သမျှသွားလာလှုပ်ရှားခြင်းကို ကန့်သတ်ပါ၊ မိသားစုဝင်များပါ အသုံးပြုသော နေရာများဖြစ်သည့် မီးဖိုချောင်၊ သန့်စင်ခန်းတို့ကို လေဝင်လေထွက်ကောင်းအောင်ထားပါ

     – သံသယလူနာသည် အတူနေမိသားစုဝင်များနှင့်အခန်းသီးသန့်ခွဲနေသင့်ပါသည်၊ အကယ်၍ခွဲနေရန် အဆင်မပြေပါက သံသယလူနာနှင့် အနည်းဆုံး တစ်မီတာအကွာတွင်နေထိုင်သင့်ပါသည်

     – သံသယလူနာကိုပြုစုရန် လူတစ်ယောက်ကိုသာ သီးသန့်တာဝန်ပေးထားပါ၊ အထူးသဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါအခံမရှိသည့်သူသာ လူနာကိုပြုစုသင့်ပါသည်။ လူနာလုံးဝနေပြန်မကောင်းသရွေ့ တခြားသူ များလာရောက်တွေ့ဆုံခြင်းကို လုံးဝလက်မခံပါနှင့်

     – သံသယလူနာနှင့်လည်းကောင်း၊ လူနာ၏ပတ်ဝန်းကျင်နှင့်လည်းကောင်း ထိတွေ့ပြီးပါက လက်ကိုစနစ်တကျသေချာဆေးကြောပါ။ အစားအစာများကို ပြင်ဆင်မချက်ပြုတ်မီ၊ ချက်ပြုတ်ပြီး၊ မစားမီ၊ သန့်စင်ခန်းအသုံး မပြုမီနှင့် လက်ညစ်ပတ်နေသည့်အချိန်တိုင်း လက်ကိုသေချာစွာဆေးကြောပေးပါ။ လက်များ သိသာစွာညစ်ပေနေခြင်းမရှိပါက အယ်လ်ကိုဟောပါဝင်သော လက်ဆေးရည်ဖြင့် ဆေးကြောနိုင်သည်။ သိသာစွာညစ်ပေနေပါက ဆပ်ပြာနှင့်ရေသုံး၍ ဆေးကြောပေးပါ

     – ဆပ်ပြာနှင့်ရေသုံး၍ လက်ဆေးပြီးသည့်အခါ လက်ခြောက်အောင် တစ်ခါသုံးစက္ကူဖြင့် သုတ်ပေးပါ။ တစ်ခါသုံးစက္ကူမရှိပါက သန့်စင်သောအဝတ်ဖြင့်သုတ်ပါ၊ အဝတ်စိုစွတ်လာပါက အသစ်လဲလှယ်ပါ

     – အသက်ရှူလမ်းကြောင်းမှထွက်ရှိလာမည့် အမှုန်အမွှားများကိုတားဆီးနိုင်ရန် လူနာအနေဖြင့် နှာခေါင်းစည်း ဝတ်ဆင်ထားသင့်ပါသည်။ နှာခေါင်းစည်းတပ်ဆင်ရန်အဆင်မပြေပါက နှာစေး၊ ချောင်း ဆိုးသည့်အခါ ပါးစပ်နှင့်နှာခေါင်းကိုတစ်ခါသုံးစက္ကူဖြင့်အုပ်ထားရမည်ဖြစ်ပြီး အသုံးပြုပြီးပြီးခြင်း လွှင့်ပစ်ရပါမည် (သို့မဟုတ်) သန့်ရှင်းရေးလုပ်ရပါမည် (ဥပမာ – အသုံးပြုပြီး လက်ကိုင်ပဝါ ကို ဆပ်ပြာနှင့်ရေသုံး၍လျှော်ဖွတ်ဆေးကြောခြင်းမျိုးဖြစ်သည်)

     – သံသယလူနာကို ပြုစုစောင့်ရှောက်ပေးနေသူများသည် လူနာနှင့်တစ်ခန်းတည်းရှိနေချိန်တွင် နှာခေါင်း စည်းကိုသေချာစနစ်တကျဝတ်ဆင်ရပါမည်။ ဝတ်ဆင်ထားချိန်အတွင်း နှာခေါင်းစည်းကိုလုံးဝထိတွေ့ ကိုင်တွယ် ခြင်းမပြုရပါ။ နှာခေါင်းစည်းညစ်ပတ်ပေရေသွားပါက နှာခေါင်းစည်းအသစ်တစ်ခုချက်ခြင်း လဲလှယ်အသုံးပြုပါ။ နှာခေါင်းစည်းကိုဖြုတ်ရာတွင်လည်း နှာခေါင်းစည်းအရှေ့ကိုမထိဘဲ ဘေးမှသာ ဖြုတ်ပါ၊ ဖြုတ်လိုက်သောနှာခေါင်းစည်းကို ချက်ခြင်းစွန့်ပစ်ပြီး လက်ကိုသေချာစွာ ဆေးကြောပါ

     – သံသယလူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ (အထူးသဖြင့် တံတွေး၊ နှပ်၊ ဝမ်း စသည်)။ လူနာအား ကိုင်တွယ်ပြုစုရာတွင် တစ်ခါသုံး လက်အိတ်နှင့် နှာခေါင်းစည်း တို့ကိုသာအသုံးပြုပေးပါ၊ လက်အိတ်နှင့်နှာခေါင်းစည်းတို့ချွတ်ပြီး ပြီးခြင်း လက်ကိုဆပ်ပြာနှင့်သေချာဆေးကြောပါ

     – နှာခေါင်းစည်းနှင့် လက်အိတ်များကို လုံးဝပြန်လည်အသုံးမပြုပါနှင့်

     – သံသယလူနာအသုံးပြုရန်အဝတ်အစားများ၊ အသုံးအဆောင်များကို သီးသန့်ခွဲထားပါ။ တစ်ခါသုံးအသုံးအဆောင်များမဟုတ်ပါက တစ်ကြိမ်အသုံးပြုပြီးတိုင်း ဆပ်ပြာနှင့်ရေသုံး၍ သေချာဆေးကြောပေးပါ

     – သံသယလူနာနေထိုင်သည့်အခန်းအတွင်းရှိ ၎င်းမကြာခဏထိတွေ့မိနိုင်သော နေရာများကို နေ့စဉ် သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပေးပါ။ သန့်စင်ရန်အတွက် ပုံမှန်အိမ်သုံးဆပ်ပြာ (သို့မဟုတ်) အစွန်းချွတ်ဆေးကို ဦးစွာ သုံးစွဲပြီး ပိုးသတ်ဆေးကြောရန်အတွက် 0.5% sodium hypochlorite ပါဝင်သည့် ပိုးသတ်ဆေးဖြင့် တိုက်ချွတ်ဆေးနိုင်ပါသည်

     – သန့်စင်ခန်း၊ ရေချိုးခန်းများကို အနည်းဆုံး တစ်နေ့တစ်ကြိမ်သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပေးပါ။ သန့်စင်ရန်အတွက် ပုံမှန်အိမ်သုံးဆပ်ပြာ (သို့မဟုတ်) အစွန်းချွတ်ဆေးကို ဦးစွာသုံးစွဲပြီး ပိုးသတ်ဆေးကြောရန်အတွက် 0.5% sodium hypochlorite ပါဝင်သည့် ပိုးသတ်ဆေးဖြင့် တိုက်ချွတ်ဆေးနိုင်ပါသည်

     – သံသယလူနာ၏ အဝတ်အထည်များ၊ အိပ်ရာခင်းများ၊ သဘက်များ၊ လက်သုတ်ပဝါများကို အဝတ်လျှော်ဆပ်ပြာနှင့် ရေသုံး၍လည်းကောင်း၊ အဝတ်လျှော်စက်ကို 60-90’C ထား၍အစွန်း ချွတ်ဆေးသုံး၍လည်းကောင်း လျှော်ပေးရပါမည်။ လူနာအသုံးပြုပြီးသော အိပ်ယာခင်းများကို အဝတ်အိတ်ထဲသို့ထည့်ပါ။ လူနာအသုံးအဆောင်များထည့်ထားသောအိတ်နှင့် မထိတွေ့မိအောင် သတိပြုပါ

     – သံသယလူနာထိတွေ့ခဲ့သည့် နေရာများ၊ အဝတ်အစားများ၊ လူနာ၏ ခန္ဓာကိုယ်မှ ထွက်သည့်အရည်များကို ကိုင်တွယ်ထိတွေ့ရာတွင် လက်အိတ်များ၊ အကာအကွယ်ဝတ်စုံများ (ဥပမာ-ပလပ်စတစ်အဝတ်ကာ) ဝတ်ဆင် သင့်ပါသည်။ သန့်ရှင်းရေးလုပ် ရမည့်အခြေအနေပေါ်မူတည်၍ တစ်ခါသုံးလက်အိတ်သော်လည်းကောင်း လုပ်ငန်းသုံးလက်အိတ်သော်လည်းကောင်းအသုံးပြုနိုင်ပါသည်။ လုပ်ငန်းသုံးလက်အိတ်များကို အသုံးပြုပြီးတိုင်း ဆပ် ပြာ၊ ရေသုံး၍ ဆေးကြောပြီး 0.5% sodium hypochlorite ဖြင့်ပိုးသတ်ပါ။ တစ်ခါသုံးလက်အိတ်များကို အသုံးပြုပြီးသည်နှင့်ချက်ခြင်းလွှင့်ပစ်ပါ။ လက်အိတ်များမဝတ်ခင်နှင့် ချွတ်ပြီးတိုင်းလည်း လက်ဆေးပါ

     – သံသယလူနာအားအိမ်တွင် ပြုစုစောင့်ရှောက်ရာမှ ထွက်လာသော လက်အိတ်များ၊ နှာခေါင်းစည်းများ နှင့် တခြားအမှိုက်များကို ကူးစက်တတ်သောစွန့်ပစ်ပစ္စည်းများအဖြစ်မစွန့်ပစ်မီ လူနာ၏အခန်းအတွင်း တွင်အလုံ ပိတ်အမှိုက်ပုံးဖြင့် ထားရှိပါ

     – သံသယလူနာပတ်ဝန်းကျင်မှ လူနာနှင့်ထိတွေ့မှုရှိနိုင်သည့် အရာများကို ရှောင်ကြဉ်ပါ (ဥပမာ – သွားပွတ်တံနှင့်သွားတိုက်ဆေးမျှဝေသုံးစွဲခြင်း၊ ဆေးလိပ်အတူသောက်ခြင်း၊ ထမင်းစားပန်းကန်ခွက် ယောက်များမျှဝေ သုံးစွဲခြင်း၊ သဘက်များ၊ အိပ်ရာခင်းများ မျှဝေသုံးစွဲခြင်းတို့ပါဝင်ပါသည်)

      – ကျန်းမာရေးဝန်ထမ်းမှ သံသယလူနာအား အိမ်တွင်စောင့်ရှောက်မှုပေးသည့်အခါတွင် အကာအကွယ်ပစ္စည်းများကို နည်းလမ်းတကျဝတ်ဆင်အသုံးပြုရမည်ဖြစ်သလို ရောဂါကူးစက်ခြင်း မရှိစေရန် သတိရှိရှိဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။

ရေးသားသူ – Dr. Htoo Tint

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly