ဆန္ဒဖော်ထုတ်သူများအား ပန်းပေးမိသည့် အဘိုးအိုကို ထိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ဆန္ဒဖော်ထုတ်သူများအား ပန်းပေးမိသည့် အဘိုးအိုကို ထိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ထိုင်းနိုင်ငံတွင် မတ်လအတွင်းက ဆန္ဒပြသမှုအတွင်း တက်ကြွလှုပ်ရှားသူများကို ပန်းပေးခဲ့သည့် အဘိုးအိုတစ်ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲခံထားရပြီး   ထောင်ဒဏ်ခုနစ်ချမှတ် ခံရမည့်အဖြစ်ဆိုးနှင့် ရင်ဆိုင်နေရကြောင်း ရှေ့နေဖြစ်သူက အောက်တိုဘာ ၂၇ ရက်တွင် ပြောသည်။

ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သည့် အသက် ၇၇ နှစ်အရွယ် ပရီးချာကော်ဘန်ပွေးဆိုသူကို ချန်းရိုင်တွင် အောက်တိုဘာ ၂၅ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က ပရီးချာက အားလပ်ရက်အဖြစ် လာအိုသို့ သွားရောက်လည်ပတ်ရန် နယ်စပ်ဖြတ်ဖို့လုပ်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေ လွတ်လပ်သော ထိုင်းတရားရေးကူညီမှုအဖွဲ့မှ ဝင်းယတ်ချက်မွန်တရီး ကပြောသည်။

အမှုသည် အဘိုးအိုကို ဘန်ကောက်သို့ ခေါ်ဆောင်လာခဲ့ပြီး စစ်အစိုးရက တားမြစ်မိန့်ထုတ်ထားသည့် လူစုလူဝေးပြုမှုကို ချိုးဖောက်ခြင်းအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ညီမျှသော   ပြစ်မှုဆိုင်ရာဥပဒေကျင့်ထုံး ပုဒ်မ ၁၁၆ ဖြင့်လည်း တရားစွဲဆိုထားကြသည်ဟု ဝင်းယတ်က ပြောခဲ့သည်။

စွဲဆိုထားသည့် ပြစ်မှုသည် ထောင်ဒဏ်ခုနစ်အထိ ချမှတ်နိုင်သည်။ အဆိုပါ ဥပဒေပုဒ်မအား စစ်အုပ်ချုပ်ရေးအစိုးရက အငြင်းပွားစရာဖြစ်အောင် လက်ကိုင်ပြုပြီး ဆန္ဒပြသူများအပေါ် ကျင့်သုံးခြင်းများကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေရသည်။

စစ်တပ်၏ မေလက အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသား ၁၄ ဦးအုပ်စုကို ဖမ်းဆီးခြင်းထားခြင်းများသည်လည်း ယင်းဥပဒေကို လက်စွဲပြုကျင့်သုံးခြင်းများကြောင့်လည်း ပါဝင်သည်။

ပရီးချာက မတ်လ ၁၅ ရက်က ခရီးတို ချီတက်ဆန္ဒပြခြင်း ပြုလုပ်သည့် ခုခံသော နိုင်ငံသားဟူသော အဖွဲ့ကို ပန်းများ ပေးကြသည့် လူအုပ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဝင်းယတ်က ပြောသည်။

"ဒီလိုပဲ ပန်းနဲ့ သောက်ရေ ကမ်းကြတဲ့သူတွေ အများကြီးရှိခဲ့တာပါ။"ဟု ဝင်းယတ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

Ref ; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly