ထွက်ရှိလာတော့မည့် ဇာတ်ကားသစ်တွင် မင်းသမီး ဆူဇီ အမျိုးသားတစ်ဦး အသွင်အဖြစ် သရုပ်ဆောင်ထား

ထွက်ရှိလာတော့မည့် ဇာတ်ကားသစ်တွင် မင်းသမီး ဆူဇီ အမျိုးသားတစ်ဦး အသွင်အဖြစ် သရုပ်ဆောင်ထား

သရုပ်ဆောင်ရာတွင်သာမက အဆိုပညာပိုင်းတွင်ပါ ကျွမ်းကျင်ပိုင်နိုင်သော ကိုရီးယားမင်းသမီး ဆူဇီ ပါဝင် သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား မကြာမီ ထွက်ရှိလာတော့မည် ဖြစ်သည်။

"The Sound of  a Flower" အမည်ရ အဆိုပါ ဇာတ်ကားထဲ၌  ဆူဇီသည် ဂျိုဆောင်ခေတ် အတွင်းက အရည်အချင်းရှိ အဆိုတော်တစ်ဦး ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ထားသည်။

အမျိုးသမီးများ အဆိုတော် ဖြစ်ခွင့်မရှိသော ၁၈၆၇ ခုနှစ်ဝန်းကျင် ကိုရီးယား ဂျိုဆောင်ခေတ် ကာလကို ဇတ်အိမ်တည်ကာ ယင်းခေတ်၏ ပထမဆုံးသော အမျိုးသမီး အဆိုတော် ဂျင်ချေဆွန်းနှင့် သူမ၏ ဆရာ ရှင်ဂျေးဟို တို့အကြောင်းကို အခြေပြု ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။

"Archilecture 101" ဇာတ်ကား ရိုက်ကူးပြီးနောက်ပိုင်း သုံးနှစ်ခန့် ကားကြီးရိုက်ကူးမှု ပြတ်တောက်နေခဲ့သော မင်းသမီးဆူဇီ ယခုကဲ့သို့ ဇာတ်ကားထဲတွင် ပြန်လည် ပါဝင်လာခြင်းနှင့်အတူ အဆိုပါ ဇာတ်ကားကို ပရိသတ်များကလည်း အထူးမျှော်လင့် စောင့်စားလျက် ရှိသည်။

ယင်းကားထဲတွင် ဆူဇီသည် အမျိုးသားတစ်ဦးအသွင် ဟန်ဆောင် သရုပ်ဆောင်ထားခဲ့ပြီး ဇတ်ကောင်စရိုက်ကို အကောင်းဆုံး သရုပ်ဖော်နိုင်ရန်အတွက်လည်း ယင်းခေတ်က စကားပြောဟန် များကိုလည်း အထူး လေ့ကျင့်ခဲ့ရသည်။

"ဇာတ်ညွန်းဖတ်ပြီးပြီးချင်းပဲ ကျွန်မ မျက်ရည်ကျမိတယ်၊ ဒီကားထဲက ဇာတ်ကောင် ချေဆွန်း ဆိုတာက အဆိုတော် ဖြစ်ချင်ခဲ့တာလေ၊ ဒါပေမယ့် သူလျှောက်ခဲ့ရတဲ့ လမ်းက မဖြောင့်တန်းခဲ့ဘူးပေါ့၊ ဒါက ကျွန်မ အနုပညာ လောကထဲ ရောက်ခါစ အချိန်တွေကို ပြန်အမှတ်ရစေပါတယ်" ဟု ဆူဇီက ဇာတ်ကားနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ အဆိုပါ ဇာတ်ကားကို နိုဝင်ဘာ ၂၅ ရက်တွင် ပွဲဦးထွက် ပြသနိုင်ရန် စီစဉ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly