စိတ်ဖိစီးမှုကြောင့် ဆံပင် မြန်မြန်ဖြူလာနိုင်ဟု သိပ္ပံပညာရှင်များ အတည်ပြု

စိတ်ဖိစီးမှုကြောင့် ဆံပင် မြန်မြန်ဖြူလာနိုင်ဟု သိပ္ပံပညာရှင်များ အတည်ပြု

ဇန်နဝါရီ ၂၃ ။                          ။  စိတ်ဖိစီးမှုက ဆံပင်ဖြူသည့် ဖြစ်စဉ်ကို ပိုမို မြန်ဆန်စေနိုင်ကြောင်း ဟားဗက်ဒ် တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ထုတ်ဖော်လိုက်သည်။စိတ်ဖိစီးမှုကြောင့် အာရုံကြောများကို (fight-or-flight response) ဟု ခေါ်သည့် ကိုယ်ခန္ဓာ၏ အလိုအလျောက် တုန့်ပြန်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု ဖြစ်ပေါ်စေပြီး ယင်းနောက် ဟော်မုန်းတစ်မျိုး ဖြစ်ပေါ်လာစေကြောင်း၊ ယင်းဟော်မုန်းက ဆံပင် အရောင်ထိန်းဆဲလ်များကို ရှင်းထုတ်ပစ်နိုင်ကြောင်းကို ပင်မဲဆဲလ် ဆိုင်ရာ ဇီဝဗေဒပညာရှင် Ya-Chieh Hsu က တွေ့ရှိခဲ့သည်။

စိတ်ဖိစီးခြင်းကို အိုမင်းရင့်ရော်မှု မြန်ဆန်စေနိုင်သည့် ပုံစံတစ်မျိုးအဖြစ် ရှုမြင်နိုင်မည်လည်း ဖြစ်ရာ ယခု လေ့လာတွေ့ရှိချက်ကြောင့် အသက်အရွယ်နှင့် သက်ဆိုင်သည့် ဆံပင်ဖြူခြင်း ဖြစ်စဉ်ကို နှေးကွေးစေနိုင်မည့် သို့မဟုတ် လုံးဝ ရပ်တန့်စေနိုင်မည့် ကုသမှု နည်းလမ်းများ တွေ့ရှိနိုင်ရေး မျှော်လင့်ချက်များကို တိုးပွားစေခဲ့ကြောင်း သိရသည်။

ပို၍ အရေးကြီးသည်က အိုမင်းရင့်ရော်ခြင်းကြောင့် လူ့ခန္ဓာကိုယ် တစ်ခုလုံးအတွင်းရှိ ပင်မဆဲလ်များ မည်သို့မည်ပုံ လျော့နည်းသွားရသည် ဆိုသည်နှင့်ပတ်သက်၍လည်း ယခုတွေ့ရှိမှုက ရှင်းပြနိုင်ရန် ရှိနေပြီဖြစ်သည်။ ယင်းအပြင် အသက်အရွယ် အိုမင်းရင့်ရော်မှုကို တားဆီးမည့် ယေဘုယျ ကုထုံးများနှင့်ပတ်သက်၍လည်း နည်းလမ်းတစ်ခုကို ညွန်ပြနိုင်ကောင်း ညွန်ပြနိုင်လျက်ရှိသည်။

ယင်းအတွက်ကြောင့် ပင်မဲဆဲလ်ဆိုင်ရာ ဇီဝဗေဒ ၊ စိတ်ဖီးစီးမှုဆိုင်ရာ ဇီဝဗေဒ နှင့် အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်တို့နှင့်ပတ်သက်၍ သိပ္ပံပညာရှင်တို့၏ ထင်မြင်တွေးတောပုံအပေါ် ယခု လေ့လာတွေ့ရှိချက်က ကြီးမားသည့် သက်ရောက်မှုများ ရှိစေခဲ့သည်ဟု ယုံကြည်ကြောင်း ဗာဂျီးနီးယားတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ပါမောက္ခ ခရစ္စတိုဖာ ဒက်ဖ်မန်းက ပြောသွားသည်။

Ageing

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly