Guardians of the Galaxy Vol.2 တွင် မိုင်လီဆိုင်းရပ် ဇာတ်ဝင်ခန်းတစ်ခန်းစာ ပါ၀င်မည်

Guardians of the Galaxy Vol.2 တွင် မိုင်လီဆိုင်းရပ် ဇာတ်ဝင်ခန်းတစ်ခန်းစာ ပါ၀င်မည်

လန်ဒန်မြို့တွင် ကျင်းပခဲ့သော Guardians of the Galaxy Vol.2 အထူးပြသပွဲ၌ အဆိုပါရုပ်ရှင်၏ ဒါရိုက်တာ ဖြစ်သူက အဆိုတော်မိုင်လီဆိုင်းရပ်သည် ထိုရုပ်ရှင်ထဲတွင် ဇာတ်ဝင်ခန်းတစ်ခန်းစာ ပါ၀င်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပရိသတ်များကလည်း မိုင်လီဆိုင်းရပ်ပါ၀င်လာနိုင်ကြောင်း ခန့်မှန်းချက်အမျိုးမျိုး ထုတ်ထားခဲ့ကြသလို ဒါရိုက်တာ ဂျိမ်းစ်ဂန်းကလည်း အဆိုပါရုပ်ရှင်ထဲ၌ မိုင်လီသည် စက္ကန့်ဝင်စာလောက် ပါ၀င်ထားကြောင်း ပြောခဲ့ သည်။

သူက Wrecking Ball အဆိုတော်မိုင်လီသည် မင်းသားကြီး ဆီလ်ဗတ်စ်တာစတားလုံး နှင့်အတူ အသံဖြင့်ပါ၀င် သရုပ်ဆောင်ပေးရန် သဘောတူခဲ့ကြောင်း ပြောခဲ့သည်။

အဆိုပါရုပ်ရှင်သည် နိုင်ငံတကာ၌ ဧပြီလ ၂၈ရက်နေ့တွင် စတင်ပြသသွားမည်ဖြစ်ပြီး လွန်ခဲ့သော ၃နှစ်ကထွက် ရှိခဲ့သော ပထမကားထဲမှ သရုပ်ဆာင်များအားလုံး ပြန်လည်ပါ၀င်လာမည်ဖြစ်သည်။

“သူမ ဘယ်ဇာတ်ကောင်က ပါ၀င်ထားသလဲဆိုတာ တိတိကျကျကြီး ပြောပြလို့မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ကြိုပြောလိုက်ရင် အရသာပျက်သွားမှာစိုးလို့ပါ” ဟု ဒါရိုက်တာက ရှင်းပြခဲ့သည်။

“ဒါပေမယ့် ရုပ်ရှင်ရဲ့အဆုံးမှာ ဇာတ်ကောင်အသစ်တစ်ယောက်က ဆီလ်ဗတ်စ်တာစတားလုံးနှင့်အတူ စက္ကန့် ၀က်လောက် စကားပြောထားတဲ့ အခန်းလေးပါ၀င်ပါတယ်” ဟု သူက ပြောခဲ့သည်။

ဂျိမ်းစ်ဂန်းက သူသည် မိုင်လီအား ရုပ်ရှင်ထဲ၌ တစ်ခန်းစာပါ၀င်ပေးရန် ဖုန်းဖြင့် ဆက်သွယ်တောင်းဆိုခဲ့ကြောင်း ပြောပြခဲ့သည်။ သူက “ မိုင်လီရေ.. Guardians of the Galaxy ရုပ်ရှင်မှာ အသံသရုပ်ဆောင်ပေးလို့ ရမလား” ဟု မေးမြန်းခဲ့သည်။ ထို့နောက်သူမက ရတာပေါ့ဟု ပြန်ဖြေခဲ့ကြောင်း ပြောခဲ့သည်။

ဂျိမ်းစ်ဂန်းက သူသည် မိုင်လီ၏ အသံကို အလိုရှိရခြင်းမှာ သူမ၏အသံသည် အလွန်ကောင်းမွန်ပြီး စူးရှသော ကြောင့် စက်ရုပ်နေရာအတွက် သင့်တော်သည်ဟု ထင်မြင်ခြင်းကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly