စိန်မေရီ ကာသီဒြယ် ဘုရား ကျောင်း ၏ ခရစ်စမတ်နေ့ မိတ်ဆုံစားပွဲသို့ တပ်ချုပ် တက်ရောက်

စိန်မေရီ ကာသီဒြယ် ဘုရား ကျောင်း ၏ ခရစ်စမတ်နေ့ မိတ်ဆုံစားပွဲသို့ တပ်ချုပ် တက်ရောက်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဒီဇင်ဘာလ ၂၅ ။          ။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရှိ ရန်ကုန် စိန်မေရီကာသီဒြယ် ဘုရားကျောင်း ခရစ်စမတ်နေ့ မိတ်ဆုံစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တက်ရောက်လာခဲ့ပြီး  ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ ဆရာတော်ကြီး ကာဒိနယ်ချားစ်ဘို နှင့်တွေ့ဆုံခဲ့သည်။

"ခရစ်ယန်ဘာသာဝင်တွေရဲ့ ခရစ်စမတ် နေ့ဖြစ်တဲ့အတွက် ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ကာဒိနယ်ချားစ်ဘို နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော်က ခေါင်းဆောင်တွေနဲ့
သာသာနာပိုင်ဆရာတော်ကြီး ကျောင်းတော်မှာ ခရစ်စမတ်ဆုတောင်းပွဲ ၊မိတ်ဆုံစားပွဲ ကျင်းပပေးတာဖြစ်ပါတယ်။ ရိုးရိုးဆောင်ရွက်တဲ့အခမ်းအနားဖြစ်ပါတယ်။ တပ်ချုပ် နဲ့ တပ်မတော်ခေါင်းဆောင်တွေ ကခရစ်စမတ်ပွဲတော်မှာ သာသနာပိုင် နဲ့တွေ့ဆုံပြီးတက်ရောက်တာက ပထမဆုံးအကြိမ်ပါ။ အမှတ်တရပါ။ ရန်ကုန်မှာ အခြားဆောင်ရွက်စရာတွေရှိရင်းနဲ့ သာသနာပိုင်ဆရာတော်ကြီးက ခရစ်စမတ်နေ့မှာ ဖိတ်ကြားတာကြောင့်  နေ့လည်စာနဲ့ ခရစ်စမတ်ဆုတောင်းပွဲလုပ်ပါတယ် အလှူငွေ သိန်းငါးဆယ် ပေးအပ်ခဲ့ပါတယ် " ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီ က မဇ္စျိမသတင်းဌာန ကိုပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ပထမဆုံးအကြိမ် အဖြစ် ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို နှင့်တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။

" ဆရာတော်ကြီး က ခရစ်စမတ်နေ့မှာ ခရစ်တော်မွှေးဖွားတဲ့ အထိမ်းအမှတ်အနေနဲ့ ခရစ်တော်နဲ့ပတ်သက်တဲ့ သတင်းစကား သတင်းကောင်းချီးမြှင့်ပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ခရစ်စမတ်နဲ့ပတ်သက်တဲ့ ဆုမွန်ကောင်း စကားပြောပါတယ်။ ဘုရားတရားအားလုံးရဲ့အဆုံးအမ မေတ္တာတရား ချစ်ခင်ခြင်း ၊ တစ်ယောက် နဲ့တစ်ယောက်မေတ္တာတရား ထားပြီးတော့ လူအသိုင်းအဝိုင်းအဖွဲ့အစည်း ကို အားလုံးညီညီညွှတ်ညွှတ်စည်းစည်းလုံးလုံး နဲ့ဆောင်ရွက်ကြဖို့ တိုင်းပြည်အေးချမ်းတည်ငြိမ်ဖို့ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့ ၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းဖို့ ဘာသာပေါင်းစုံကနေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဆုတောင်းစကား ၊မေတ္တာပို့တဲ့စကား ၊ တိုက်တွန်းတဲ့စကား ပြောတာဖြစ်ပါတယ် " ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ဘာသာရေးဆိုင်ရာနေရာများဖြစ်သည့်ေညာင်တုန်းဘုန်းကြီးကျောင်းတိုက်၊ အိန္ဒိယ ဧက္ကရာဇ် ဇဘာရှား ဂူဗိမန် ၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ ၊ ဟိန္ဒူဘုရားကျောင်း နှင့် ကက်သလစ်သီလရှင်များ ဘိုးဘွားရိပ်သာ တို့ကို သွားရောက်လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required