မြိတ်ခရိုင်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခုနှစ်ခု MoU ရေးထိုး

မြိတ်ခရိုင်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခုနှစ်ခု MoU ရေးထိုး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဒီဇင်ဘာ ၁၀။       ။  တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို မြိတ်မြို့တွင် ကျင်းပခဲ့ရာတွင် အိမ်နီးချင်း နိုင်ငံများမှ ရင်းနှီး မြှုပ်နှံ သူများ က လုပ်ငန်း ခုနှစ်ခုကို MoU ရေးထိုး သဘောတူညီ ခဲ့ကြောင်း သိရသည်။

MoU ရေးထိုးခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခုနှစ်ခုမှာ လက်ရှိ မြိတ်ဒေသမှာ အကောင်အထည် ဖော် လုပ်ကိုင်နေသည့် လုပ်ငန်း အမျိုးအစားများ ဖြစ်ကာ ရေပေးဝေရေး လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ ရော်ဘာစီမံကိန်း လုပ်ငန်း၊ မြို့သစ် စီမံကိန်း၊ ဆေးရုံ၊ ဆီအုန်း စီမံကိန်း စက်ရုံနှင့် ခရီးသွား လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက“ဖိုရမ်ပွဲအပြီးမှာ မြိတ်ခရိုင်ထဲက လုပ်ငန်း ၇ ခုကို အိမ်နီးချင်း နိုင်ငံ ၃ နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံ ခဲ့ပါတယ်၊ လက်ရှိ အချိန်အထိတော့ နိုင်ငံတကာမှ ဝင်ရောက် လာမယ့် ရင်းနှီးမြှုနှံမှု Investment ငွေ ပမာဏမှာ အတိအကျ ပြောနိုင်ခြင်း မရှိသေးပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဖိုရမ်ပွဲကို အချိန်မှီ တက်ရောက်နိုင်ခြင်း မရှိတဲ့ ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များလည်း ဝင်လာ နေတယ်”ဟု ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခုနှစ်ခုကို ထိုင်း၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အခု ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ဒီဇင်ဘာ ၇ ရက်နှင့်  ၈ ရက်က မြိတ်မြို့မှာ နှစ်ရက်တာ ကျင်းပခဲ့တာ ဖြစ်ပြီး တိုင်းဒေသကြီးမှာ အဓိက လိုအပ်နေသော လျှပ်စစ်ကဏ္ဍပိုင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပါရှိ ခြင်း မရှိဘဲ ဒေသခံ လုပ်ငန်းရှင်များက ဈေးနှုန်း သက်သာသော လျှပ်စစ် စီမံကိန်းများကို ပြုလုပ် စေချင်ကြောင်း သိရ သည်။

မြိတ်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၉ ကို နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအသီးသီးက တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ စသဖြင့် စုစုပေါင်း ၅၆၄ ဦး တက်ရောက်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly