စစ်ပွဲကြောင့် ကွဲကွာခဲ့သော ကိုရီးယားမိသားစုများ အသက်ကြီးရင့်ပြီဖြစ်၍ ယခုတွေ့ဆုံမှုက နောက်ဆုံးဖြစ်နိုင်

စစ်ပွဲကြောင့် ကွဲကွာခဲ့သော ကိုရီးယားမိသားစုများ အသက်ကြီးရင့်ပြီဖြစ်၍ ယခုတွေ့ဆုံမှုက နောက်ဆုံးဖြစ်နိုင်

ဆိုးလ်၊ အောက်တိုဘာ ၂၂ ။           ။ ကိုရီးယားစစ်ပွဲကြောင့် နှစ်ပေါင်း ၆၀ ကျော်ကွဲကွာနေခဲ့သော တောင်နှင့် မြောက်ကိုရီးယားမှ မိသားစုဝင်များမှာ အသက်ကြီးရင့်နေပြီဖြစ်ကာ ပြန်လည်တွေ့ဆုံ မှုတစ်ခုပြီးဆုံးပြီးနောက် အောက်တိုဘာ ၂၂မှာ နောက်ဆုံး စိတ်ထိခိုက်ဖွယ် နုတ်ဆက်ပွဲမှာ အများစုအတွက် တစ်ယောက်ကို တစ်ယောက်တွေ့ဆုံမှုက နောက်ဆုံးဖြစ်သည့် အထိမ်းအမှတ်ဖြစ်သည်။

မြောက်ကိုရီးယားဘက်ရှိ တောင်ပေါ်အပမ်းဖြေစခန်းတစ်ခုတွင် ပြုလုပ်သည့် တိုတောင်းသည့် စိတ်လှုပ်ရှားဖွယ် တွေ့ဆုံမှု၏ တတိယမြောက်နှင့် နောက်ဆုံးနေ့တွင် နုတ်ဆက်စကားပြောကြားရန် နံနက်ပိုင်းတွင် မိသားစုများကို နောက်ဆုံး နှစ်နာရီပေးခဲ့သည်။ အချို့က တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ ပွေ့ဖက်နေခဲ့ကြသလို တစ်ချို့က စိတ်ကိုတင်းထားရင်း လက်များကိုဆုပ်ကိုင်ရင်း မျက်ရည်ကို သုတ်ပေးနေခဲ့ကြသည်။

ယခုတွေ့ဆုံပွဲမှာ လွန်ခဲ့သည့်ငါးနှစ်အတွင်း ဒုတိယအကြိမ်ပြုလုပ်သော ပွဲဖြစ်ပြီး တင်းကျပ်သည့်ကန့်သတ်မှုများလည်းရှိသည်။ နှစ်နာရီကြာတွေ့ဆုံမှု ခြောက်ကြိမ်သတ်မှတ်ကာ ရုပ်သံကင်မရာများ မပါရှိဘဲ ဟောခန်းကြီးတစ်ခုတွင် တွေ့ဆုံမှုများနှင့် လွတ်လပ်စွာတစ်ဦးချင်းတွေ့ဆုံမှုများပါဝင်သည်။

၁၉၅၀-၅၃ကိုရီးယားစစ်ပွဲကြောင့် ဆယ်စုနှစ်ခြောက်နှစ်ကျော်ကြာပြီးနောက် တောင်ကိုရီးယားနိုင်ငံသား ၄၀၀နီးပါးနှုင့် ၄င်တို့၏ဆွေမျိုး ၁၄၀တို့၏ တွေ့ဆုံမှုမှာ တွေ့ဆုံချိန်စုစုပေါင်း ၁၂နာရီသာ ရရှိမှု မှာကြေကွဲဖွယ်ရာဖြစ်သည်။ စစ်ပွဲကြောင့် လူသန်းပေါင်းများစွာမှာ အိမ်ရာပစ်ထွက်ပြေးခဲ့ကြရာ ညီအစ်ကိုမောင်နှမ၊ မိဘနှင့်သားသမီး၊ ဇနီးနှင့်ခင်ပွန်းတို့မှာ ကွဲကွာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly