ရန်ကုန်၊ နိုဝင်ဘာ ၂၀။ ။ ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေ (Joint Peace Fund –JPF ) အဖွဲ့ဝင်သံအမတ်များနှင့် မြန်မာနိုင်ငံ ဘက်မှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်တင် အပါအဝင် NRPC တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုကို နိုဝင်ဘာ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်ငြိမ်းချမ်းရေး ဆောင်ရွက် ချက်များနှင့် JPF မှပံ့ပိုးပေး နေမှုများကိုဆွေးခဲ့ကြသည်ဟု JPF မှထုတ်ပြန်ထားသည်။
“ JPF ဟာမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကပံ့ပိုးနေတဲ့ အလှူရှင်အဖွဲ့အနေနဲ့ ဒီနိုင်ငံရဲ့ရေရှည် အောင်မြင်မှုအတွက် အထူးအလေးထားကြိုးပမ်းလျက်ရှိပါတယ်” ဟု JPF ၏လက်ရှိ ဉက္ကဋ္ဌဖြစ်သူ ဉရောပသမဂ္ဂသံအမတ် ကြီး H.E Kristian Schmidt ကပြောသည်။
JPF သည် NRPC ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များတွင်အသုံးပြုရန် ကန်ဒေါ်လာ ၃ သန်းပံ့ပိုးထားကြောင်းလည်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံတကာ အလှူရှင်အဖွဲ့များမှနေ၍ ၂၀၁၅ ခုနှစ်တွင် JPF ကိုထည်ထောင်ခဲ့ပြီး တွေ့ဆုံပွဲကို ရန်ပုံငွေပံ့ပိုးပေး သောနိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ဖင်လန်၊ အီတလီ၊ နော်ဝေနှင့် ဆွစ်ဇာလန် တို့မှ သံအမတ်များနှင့် ကနေဒါ၊ ဒိန်းမတ်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/