သီတင်းကျွတ်လပြည့်နေ့တွင် IC ရှိုးပွဲ ပြည်သူ့ရင်ပြင်၌လုပ်မည်

သီတင်းကျွတ်လပြည့်နေ့တွင် IC ရှိုးပွဲ ပြည်သူ့ရင်ပြင်၌လုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။            ။ ရောင်စုံမီးလှ သီတင်းကျွတ်ည သီချင်းများနှင့် ပျော်ရွှင်ကြ Iron Cross အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၈ရက် (သီတင်းကျွတ်လပြည့်) တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည် ဖြစ်သည်။

Iron Cross အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပမည့် အကြောင်း စာနယ်ဇင်းများအား မိတ်ဆက် ပေးသည့် အခမ်းအနားကို အောက်တိုဘာလ ၁၉ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထို တေးဂီတ ဖျော်ဖြေပွဲကို သံလွင် ရတနာကုမ္ပဏီ နှင့် Bagan Entertainment တို့ ပူးပေါင်း တင်ဆက်ခြင်း ဖြစ်ပြီး Iron Cross အဖွဲ့၏ ၂၀၁၅ ခုနှစ် အတွင်း ၄ကြိမ်မြောက် ကျင်းပသည့် ဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်သည်။

သံလွင်ရတနာကုမ္ပဏီ၏ Event Organizer တစ်ဦး ဖြစ်သည့် ကိုစိုင်းလင်းထွဋ်က "ကျွန်တော်တို့ သံလွင်ရတနာကုမ္ပဏီ အနေနဲ့ Iron Cross အဖွဲ့ရဲ့ ဖျော်ဖြေပွဲ အပြင် နောက်ထပ်လည်း တခြားပွဲတွေ ထပ်လုပ်သွားဖို့ ရှိပါတယ်။ IC ပွဲမှာ ထူးထူးခြားခြား လုပ်ထားတာတော့ မရှိပါဘူး။ IC ဆိုရင်တော့ ပရိသတ်တွေ အတွက်က ထူးခြား နေတာပါပဲ" ဟု ပြောသည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပြုလုပ်မည့် Iron Cross အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲ၌ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ အပြင် အဆိုတော် တင်ဇာမော်လည်း ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။

ထိုဖျော်ဖြေပွဲကို Stand ဖြင့်ကြည့်ရှုရမည် ဖြစ်ပြီး လက်မှတ်များကို တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။

လက်မှတ်များကို အောက်တိုဘာ ၂၀ရက် မှ စတင်ကာ မန်းသီရိ တေးသံသွင်း၊ ရန်ကင်းစင်တာ City Mart ၊ 47လမ်း City Mart ၊ Junction Square City Mart ၊ Koko Nyi Nyi Beauty Saloon၊ The Sun Music၊ 1876 Hot Line ကြိုတင် လက်မှတ်များကို ရရှိနိုင်မည် ဖြစ်သည်။

Iron Cross အဖွဲ့၏ ဂီတ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၈ရက် (သီတင်းကျွတ်လပြည့်) တွင် ပြည်သူ့ရင်ပြင် ၌ ည ၇နာရီမှ စတင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags