ကွာလာလမ်ပူ - စင်ကာပူ မြန်နှုန်းမြင့် ရထားစီမံကိန်းကို ကုမ္ပဏီ ၁၅၀ က စိတ်ဝင်စားကြောင်းပြသ

ကွာလာလမ်ပူ - စင်ကာပူ မြန်နှုန်းမြင့် ရထားစီမံကိန်းကို ကုမ္ပဏီ ၁၅၀ က စိတ်ဝင်စားကြောင်းပြသ

စင်ကာပူ၊ အောက်တိုဘာ ၁၉ ။           ။ ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားစီမံကိန်းကို ကုမ္ပဏီနှင့် ကုမ္ပဏီစု ၁၅၀ ခန့်က စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီး ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ပတ်သက်၍ ရေးသားထားချက်(RFI)ကို အောက်တိုဘာ ၁၆ ညနေ ၆နာရီက ပေးအပ်ခဲ့သည်။

ကုမ္ပဏီများတွင် စင်ကာပူ၊ မလေးရှား၊ အာရှပစိဖိတ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကအခြေစိုက် ကုမ္ပဏီများပါဝင်သည်ဟု အောက်တိုဘာ ၁၉ က မလေးရှား ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင် (LTA) နှင့် ကုန်းလမ်းပြည်သူ့ပို့ဆောင်ရေးကော်မရှင်(SPAD)တို့၏ ပူးတွဲသတင်းထုတ်ပြန်မှုတစ်ခုတွင် ဖော်ပြထားသည်။ ကုမ္ပဏီများသည် RFI ကို ပေးသွင်းရန် အောက်တိုဘာ ၁၈ ရက်နေ့ မွန်းတည့်ချိန်အထိ အချိန်ရရှိခဲ့သည်။

"RFI အတွက် ဈေးကွက်ရဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ကျွန်တော်တို့ ကျေနပ်အားရပါတယ်။ လာမည့်လမှာ သူတို့ရဲ့တုံ့ပြန်မှုတွေကို လက်ခံရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒီတုံ့ပြန်မှုဟာ စီမံကိန်းရဲ့ စီးပွားရေးပုံစံအတွက် ကျွန်တော်တို့ကို ကူညီရာမှာ အရေးကြီးပါလိမ့်မယ်။

နောက်ပြီးတော့ ဒီစီမံကိန်းဟာ မှန်ကန်တဲ့ စီမံကိန်းရေးဆွဲမှုပုံစံနဲ့ စတင်နိုင်ရေးအတွက်လည်း အထောက်အကူပြုပါလိမ့်မယ်"ဟု SPAD ၏ စီးအီးအို မစ္စတာမော့ဒ်အက်ဇဟာရူဒင်မတ်ဆာနှင့် LTA၏ စီးအီးအို မစ္စတာ ချူးမင်းလျောင်တို့က ပူးတွဲကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ RFI အတည်ပြုမှုအား ယခုနှစ်ကုန်တွင် အပြီးသတ်လိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly