ရန်ကုန်၊ အောက်တိုဘာလ ၁၆။ ။ အ.က.သ ခေါင်းဆောင်ဟောင်း ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်အခမ်းအနားတစ်ခုကို ကျန်ရစ်ခဲ့သည်မိသားစုဝင်များ နှင့် ကျောင်းသားခေါင်းဆောင်များ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အောက်တိုဘာလ ၁၆ ရက်နေ့တွင် တာမွေမြို့နယ်၊ ကောဝိဒရာမကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
ကိုသက်ဝင်းအောင်သည် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ထောင်ဒဏ် ၅၇ နှစ် ကျခံနေရစဉ် ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးအိုးဘိုအကျဉ်းထောင် ၌ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
" သက်ဝင်းအောင်က နိုင်ငံတော်အတွက်ဆို အနစ်နာခံပြီးလုပ်ခဲ့တယ်။ တော်တော်လေး စွန့်စွန့် စားစားလုပ်ခဲ့တယ်။ များသောအားဖြင့်သူကိုယ့်ကျိုးစွ
လူတိုင်းကသူလုပ်ရက်ကိုသဘောကျ လက်ခံကြတယ်။ အတူနေတဲ့ကျောင်းသားတွေ ဆိုရင်လည်း သူ့ကိုလက်ခံပါတယ်။သူလုပ်ဆောင်ချ
အစာငတ်ခံပြီး တိုက်ပွဲဝင်ခဲ့တဲ့ သဘော တွေ ရှိခဲ့တယ်။ သူမှန်မယ်ထင်တာဆို နောက်မဆုတ်ပါဘူး " ဟုကိုသက်ဝင်းအောင်၏ဖခင်ဖြစ်သူ ဦးဝင်းအောင် က မဇ္စျိမသတင်းဌာန ကိုပြောသည်။
ကိုသက်ဝင်းအောင် ကွယ်လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစတင်ကာ ကွယ်လွန်ခြင်းအထိမ်းအမှတ်များဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ ကျောင်းသားခေါင်းဆောင် များ ၊ မိဘ ဆွေမျိုးများတို့မှ အထိမ်းအမှတ်၊ အမှတ်တရများကိုနှစ်စဉ် ပြုလုပ်ပေးလေ့ရှိကြောင်း သိရ သည်။
" ဘာလို့သတိရနေသင့်လဲဆိုရင် ကိုယ့်ကျိုးစွန့်ပြီးတော့ အများအတွက်လုပ်သွားကြတယ်။ သူတို့ကို သတိရနေသင့်တယ်လို့ထင်တယ်။ဘာလို
အသက် ၃၅ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည့် ကိုသက်ဝင်းအောင် အတွက် ပြုလုပ်သည့် ၁၃နှစ် မြောက်အခမ်းအနားတွင် ကောဝိဒါရာမကျောင်းတိုက်မှ သံဃာများကို ဆွမ်းကပ်ကာ လာရောက် ကြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့်အတူ ကိုသက်ဝင်းအောင် ၏ မိဘ နှစ်ပါးတို့မှ တရားနာခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
" ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေအတွက် နာမည်နဲ့ လမ်းတွေပေးထားတာ ၊ အဲဒီလူတွေ အတွက် ရုပ်ပုံတွေကို နံရံတွေမှာရေးထားတာ တွေ့ဖူးတယ်။ ဒါက ကိုယ့်နိုင်ငံကတောင်မဟုတ်ပါဘူး။ အဲတော့လူတွေကမေးတယ်။ ဒီလူက ဘာလဲ၊သူနာမည်နဲ့ဘာလို့ပေးထားတာ
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/