တောင်ကိုရီးယာ အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့သည် ဆိုးလ် အိုလံပစ် ပန်းခြံတွင် နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ တစ်ကိုယ်တော်ေ ဖျာ်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ဖျော်ဖြေပွဲသည် နှစ်နှစ်ခွဲကာလအတွင်း Girls’ Generation အဖွဲ့၏ ပထမဆုံးအကြိမ် ပြုလုပ်မည့် ဒေသတွင်း တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်ပြီး လက်မှတ်များ အများအပြား ရောင်းချရမည် ဟု မျှော်မှန်းထားသည်။
Girls’ Generation အဖွဲ့သည် ပရိတ်သတ်များအတွက် တစ်မူထူးခြားသော ဖျော်ဖြေပွဲ ကျင်းပ ရန်အတွက် ပြင်ဆင်လျက် ရှိသည်။ မကြာမီ ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ပရိတ်သတ်များ၏ အာရုံကို ဖမ်းစားနိုင်မည့် တစ်မူထူးခြားသော ဖျော်ဖြေတင်ဆက်မှုများ ပါဝင်မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။
ဖျော်ဖြေပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်မီ Girls’ Generation အဖွဲ့သည် Lion Heart တေးသီချင်း အယ်လ်ဘမ် အရောင်းမြှင့်တင်ရေးအတွက် အလုပ်ရှုပ်လျက်ရှိပြီး ယခင်နှစ်က လည်း ဂျပန်နိုင်ငံတွင် ဖျော်ဖြေပွဲများကို ကျင်းပ ပြုလုပ်ခဲ့သည်။ ပရိတ်သတ်များသည် အောက်တိုဘာ ၂၂ ရက် ကိုရီးယားစံတော်ချိန် ည ၈ နာရီအချိန်တွင် Yes24 အွန်လိုင်းမှတစ်ဆင့် လက်မှတ်များကို ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။