အလုပ်သမားဥပဒေပါ ခံစားခွင့်များ မရသောကြောင့် အလုပ်သမား၃၀၀ ကျော်ဆန္ဒထုတ်ဖော်

အလုပ်သမားဥပဒေပါ ခံစားခွင့်များ မရသောကြောင့် အလုပ်သမား၃၀၀ ကျော်ဆန္ဒထုတ်ဖော်
Photo - Myo zaw

ရန်ကုန်၊ စက်တင်ဘာလ ၃၀ ။        ။ အလုပ်သမားဥပဒေပါ ခံစားခွင့်များကို အလုပ်ရှင်ဘက်မှ မပေးသောကြောင့် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)ရှိ လျှန်ချမ်း(စ်) အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား ၃၀၀ ကျော်သည် စက်တင်ဘာလ ၃ဝရက်နေ့ မနက်ပိုင်းတွင် စက်ရုံဘေး၌ ဆန္ဒထုတ်ဖော်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ်(CTUM) မှ ဒေါ်နှင်းသဇင်ကမဇ္စျိမသတင်းဌာန ကို ပြောသည်။

" အလုပ်သမားတွေက ဒီနေ့အပြင်ကိုထွက်လာပြီးကျွန်မတို့နဲ့ချိတ်ဆက်ပြီး အကူညီတောင်းတယ်။ ဥပဒေပါ ခံစားခွင့်တွေမရတာတွေ အိုတီကျေးတွေဆင်းရပြီးမရတာ အဲဒီကိစ္စရပ်နဲ့ အကူအညီတောင်း ခံလာတယ်။အလုပ်ရှင်ဘက် ၊ အစိုးရဘက် ၊သက်ဆိုင်ရာရုံးတွေကိုစာတင်ပါတယ်။ ဒီစက်ရုံမှာက အဓိကအနေနဲ့ထူးခြားတာက စက်ရုံ လျှန်ချမ်း(စ်) မှာအသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေ ၁၄ နှစ်မှာ ၁၇ နှစ်ထိ ကလေးလုပ်သား ၅၀ ကျော်လောက်ရှိတယ်။ ဥပဒေအရဆို ၄၈၀၀ ကျပ် ပေးရမှပါ၊ သို့သော် သူတို့က၂၀၀၀ ကျပ်ပဲ ပေးတယ် " ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) မှ ဒေါ်နှင်းသဇင် ကပြောသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) တွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လျှန်ချမ်း(စ်)အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား ၃၀၀ ကျော်ခန့်က စက်ရုံ၏ မျက်နှာစာဘေးဘက် ခြမ်းတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး  မွန်းလွဲပိုင်း အချိန်ထိ စက်ရုံဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိသေး ကြောင်း သိရသည်။

အလုပ်သမားများက လုပ်သက်ခွင့်၊ ရှောင်တစ်ခင်ခွင် ၊ဆေးခွင့်များမရှိခြင်း၊ အစိုးရရုံးပိတ်ရက်များတွင် နားရက်မရှိခြင်း၊ ညဘက်အချိန်ပိုဆင်းရခြင်းများ နှင့်  Sunday ပိတ်ရက်နားခွင့်မရှိ စသည်တို့ အပါအဝင်အချက် ၂၂  ချက်ကို တောင်းဆိုထားကြောင်း သိရသည်။

" မြို့နယ် ညှိနှိုင်းဖျန်ဖြေရုံးကို စာသွားတင်ထားပါတယ်။ အလုပ်သမားတွေက သူတို့ရဲ့ တောင်းဆို ချက်တွေ မရမခြင်းပြသွားမှာပါ။ ၂၂ ချက်လုံး တောင်းဆိုသွားကြမှပါ " ဟု ဒေါ်နှင်းသဇင် က
ဆက်လက် ပြောသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း နှင့်ပတ်သက်၍ လျှန်ချမ်း(စ်) အထည်ချုပ်ကုမ္ပဏီထံသို့ မဇ္စျိမ သတင်းဌာန မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် ရရှိခြင်း မရှိသေးပေ။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly