ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းတချို့တွင် အရည်အသွေးစစ်ဆေးမှု အပိုင်း အားနည်းနေ

ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းတချို့တွင် အရည်အသွေးစစ်ဆေးမှု အပိုင်း အားနည်းနေ
ဧရာဝတီတိုင်းအတွင်းရှိ လမ်းခင်းနေမှုမြင်ကွင်းတစ်ခုကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

ပုသိမ်၊ စက်တင်ဘာ ၂၈ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ပညာရေးကျန်းမာရေး၊ကျေးလက်လမ်းဦးစီးဌာနတို့၏တည်ဆောက်ရေးလုပ်ငန်းတချို့တွင် QC(အရည်အသွေး) စစ်ဆေးမှုများနှင့်ပတ်သက်၍ အားနည်း ချက် များရှိနေကြောင်း ဖျာပုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက ထောက်ပြပြောဆိုခဲ့သည်။

“ကျွန်တော်တို့မြို့မှာလည်းရှိပါတယ်၊QC စစ်ဆေးမှုအပိုင်းနဲ ့ပတ်သက်ပြီးတော့ ပညာရေး ကျန်းမာရေး နဲ့ပတ်သက်ပြီး QCစစ်ဆေးမှုဆိုရင် ကိုယ်တို့မသိရှိရတာများတယ်။ သူတို့ဖာသူတို့လာကြည့်သွား တယ်။ ကြည့်တဲ့အခါမှာလည်း အချိန်နဲ့တပြေးညီကြည့်ဖို့လိုတာပေါ့။ အဆောက်အဦဆိုတာ မြေပြင် ကနေ အပေါ်အထိစစ်ဆေးကြပ်မတ်ဖို့လိုတာပေါ့။ ဒါပေမယ့်လည်း သူတို့ က ၂၅ရာနှုန်း ငွေထုတ်ယူ ချိန်မှာသာလာပြီးစစ်ဆေးတဲ့ဟာတွေရှိတယ်”ဟုဖျာပုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးဇေယျာမင်းသိန်းက ပြောသည်။

ဖျာပုံမြို့နယ်ရှိ ကျေးလက်လမ်းဦးစီးဌာနနှင့်ပတ်သက်သောလုပ်ငန်းများတွင် အရည်အသွေး Qc ကို ဘတ်ဂျက်ကာလ ပြီးဆုံးမည့်အချိန်အထိ လာရောက်စစ်ဆေးခဲ့မှု မရှိသေးကြောင်း အဆိုပါ ကိစ္စရပ် များအတွက် လိုအပ်ချက်များရှိနေကြောင်း ဦးဇေယျာမင်းသိန်းက ဆက်ပြောသည်။

“လုပ်ငန်းလုပ်တဲ့အခါမှာ ဘတ်ဂျက်ပါလုပ်ငန်းတွေကို ကြားထဲကကြားပွဲစားပုံသဏ္ဍာန်မျိုးပဲ လုပ်ငန်း ရှင်တွေ ကုမ္ဂဏီတွေကို တင်ဒါပေးပြီးဆောင်ရွက်နေတယ် ။ တကယ့်မြေပြင်မှာ အားနည်းချက်တွေ များစွာရှိတယ်။ စာချုပ်စာတမ်းတွေ လုပ်ငန်းတွေကို ကုမ္ဂဏီတွေကိုပေးတဲ့အခါမှာ စာချုပ်စာတမ်း ချုပ်ဆိုမှုတွေမရှိဘူး။ အရည်အသွေးစံချိန်စံနှုန်းနဲ့ပတ်သက်ပြီးပြောဆိုတဲ့နေရာမှာ ပြဿနာတွေ အများကြီးပေါ်ပေါက်လာတယ်”ဟု ဦးဇေယျာမင်းသိန်းက ဆက်ပြောသည်။

ပညာရေးကျန်းမာရေးအဆောက်အဦများနှင့်ပတ်သက်၍ တိုင်းအစိုးရမှ ကြီးကြပ်မှု အားကောင်းစေရန် နှင့် အချိန်မီပြီးစီးရန် တိုက်တွန်းကြောင်းအဆိုကို မြန်အောင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုအောင် ကတင်သွင်းခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများသည် မြေပြင်အခြေအနေတွင် စိစစ်မှု အနေနှင့် အားနည်းချက်များဖြစ်ပေါ်နေကြောင်း ပညာရေး၊ကျန်းမာရေးအဆောက်အဦများအတွက် တိုင်းအစိုးရအနေဖြင့် ငှားရမ်းစာချုပ်ချုပ်ဆိုထားသော Design QC တည်ဆောက်ရေးကုမ္ပဏီများ၏ အားနည်းချက်များကို တိုင်းအစိုးရအနေဖြင့် ကြီးကြပ်မှု ပိုမိုအားကောင်းလာစေရန်အတွက် သက်ဆိုင် ရာဘဏ္ဍာနှစ်အလိုက် တည်ဆောက် ရေးလုပ်ငန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစေရန် ဒေါ်စုစုအောင်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၉ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့တွင်တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို မော်လမြိုင်ကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးက အဆိုအား လွှတ်တော်တွင် ဆွေးနွေးသင့်ကြောင်း ထောက်ခံခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တံတားအစင်း ၃ဝဝခန့် တည်ဆောက်ရန် ရှိနေပြီး မြေသားလမ်း ဖောက် လုပ်ခြင်း၌ လမ်းမိုင် ၅ဝဝခန် ့ကျန်နေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly