စားသုံးသူကာကွယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ အသိပညာပေးမှုဟုဆို

စားသုံးသူကာကွယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ အသိပညာပေးမှုဟုဆို

ရန်ကုန်၊ စက်တင်ဘာလ ၂၈ ။         ။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ရပိုင်ခွင့်များဖော်ဆောင်နေသည့် သက်ဆိုင်ရာကဏ္ဍ အသီး သီးမှ အဖွဲ့အစည်းများအနေဖြင့် အသိပညာ ပေးမှုနေသည်ဟု မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ၏ အတွင်းရေးမှူးဖြစ်သူ ဦးမောင်မောင်က မဇ္စျိမသတင်းဌာန ကို သုံးသပ်ပြောဆိုသည်။

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း က ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြည်တွင်း၊ပြည်ပ ပညာရှင်များ ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အစားအသောက်ဘေးအန္တရယ်ကင်းရှင်း နှင့်ပတ်သက်၍ ဆွေးနွေး ၊ မေးမြန်းဖြေကြားမှုများ ပြုလုပ် ခဲ့သည်။

"စားသုံးသူ နဲ့ပတ်သက်တဲ့အခွင့်အရေးက အားနည်းတယ်။ ရပိုင်ခွင့် အခွင့်အရေးတွေကို ဖော်ဆောင် ပေးရမယ့်သူတွေက အသိအားနည်းတယ်။ အဲဒါတွေကိုဖော်ဆောင်ပေးနိုင်ဖို့ အတွက်လိုအပ်တဲ့ အင် အား တွေမရှိသေးဘူး။ အသိဉာဏ်တွေ မရှိသေးဘူး။ လိုအပ်တဲ့ယန္တရားတွေ အားမကောင်း နေဘူး။ အဲဒါကြောင့် ဒီဥပဒေကို သေချာလိုက်နာရင် ဥပဒေတွေက တပြေးညီ ဖြစ်လာရင် အားကောင်းမယ်။ ဥပဒေစိုးမိုးရေးအားကောင်းရင် စားသုံးသူရဲ့အကာကွယ်ကအလိုလိုရပါမယ်။ အဲဒါကမျှော်လင့်တာပါ " ဟု မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ ၏ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။

ဆွေးနွေးတွင် အဓိက ဦးဆောင်ဆွေးနွေးသူများ ဖြစ်သည့် METRO Whoesale Myanmar ၊ City Mart Holding Co.,Ltd.(CMHL).Myanmar Innovative Life Sciences (MILS) .မြန်မာနိုင်ငံ
စားသုံးသူများ သမဂ္ဂ ၊ အစာအဟာဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်း တို့က ဦးဆောင် ဆွေးနွေး ခဲ့ကြတာဖြစ်သည်။

"ထိထိရောက်ရောက်တိုင်ကြားစေချင်တယ်။အရပ်ထဲမှတော့ပြောကြတယ်။ ဥပမာ ၁ဝယောက် ဖြစ်ရင် ၅ယောက်ကမတိုင်ဖြစ်ဘူး။ အရပ်ထဲမှတော့ပြောကြတယ်။ ဒါကိုဒီလိုဖြစ်နေပါတယ်။ ဥပမာ တယ်လီ ဖုန်းမှာဆို ဖောင်လေးရှိတယ်။ အဲဒါဖြည့်ရတယ်။ ဒါမှလည်းသူတို့က သူများကိုသွားပြောလို့ရမှာ၊ အဲလို မျိုးစနစ်တကျ တိုင်ကြားပါ။ တိုင်ကြားတာက သူများကိုဒုက္ခရောက်စေချင်လို့ မဟုတ်ပါဘူး။ တစ်ချို့က အဲ့လိုမျိုးယူဆတယ်။ ငါတိုင်လိုက်ရင်သူများဒုက္ခရောက်သွားမှာ အဲဒါမျိုးယူဆတယ်။ အမှန်က ငါတိုင် လိုက်ရင် ဒီမှားနေတဲ့ ကိစ္စရပ်ကြီးက အများပြည်သူအတွက်ကောင်းသွားပါလိမ့်မယ် ဆိုတဲ့ စိတ်မျိုး ထားနိုင်ရင် ပိုပြီးတိုးတက်လာပါလိမ့်မယ် " ဟု ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ် မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုးက ပြောသည်။

လက်ရှိ ပြည်တွင်းစျေးကွက်တွင် ကုန်ပစ္စည်းအများစု၏ ကြော်ငြာနှင့် တကယ့်လက်တွေ့ စားသုံး သူ များအကြား အကြောင်းအရာ၊ ပါဝင်ပစ္စည်းများ ကွဲလွဲမှုမကြာခဏ တွေ့ကြုံနေရမှုများ ရှိနေကြောင်း သတင်းများ အရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required