ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးသည် လွတ်လပ်တရားမျှသောရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက်ဟုဆို

ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးသည် လွတ်လပ်တရားမျှသောရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက်ဟုဆို

ရန်ကုန်၊ စက်တင်ဘာလ ၁၆ ။         ။ ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးသည် လွတ်လပ်တရားမျှသောရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ရေးအတွက်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က မဇ္စျိမသတင်းဌာနသို့ပြောသည်။

စက်တင်ဘာလ ၁၆ရက်နေ့က ရန်ကုန်မြို့၊ပတ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲ ဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲတွင်သူက ပြောဆို ခဲ့ခြင်းဖြစ်သည်။

"လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးပါ။ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကတဆင့် တိုင်းပြည်ကိုကိုယ်စားပြုရတာပါ။ အဲဒီရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာရေးကို ဝိုင်းဝန်းပြီးအကြံပေးကြတယ်။  ဆောင်ရွက်ကြတယ်။ ဦးတင်အေး လက်ထက် တုန်းကဆို အကြိမ်ကြိမ် ဆွေးနွေးတာNGO ၊ ပါတီတွေနဲ့ ဆွေးနွေးကြတာ။ ဒီနောက်ပိုင်းမှာ ဆွေးနွေး တာ မတွေ့ပါဘူး။ ဦးသိန်းစိန် လက်ထက်မှာ သုံးခါ ပြင်တယ်။ ဦးထင်ကျော် လက်ထက်မှာတစ်ခါပေါ့ ။ လိုအပ်ရင် အဲလိုပဲ ပြင်ဆင်ပြီး ကောင်းသည်ထက် ကောင်းအောင် လုပ်ရတာပါ " ဟု ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေအထောက်အကူပြု သူများအဖွဲ့မှ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြော သည်။

စက်တင်ဘာလ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သော ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ဆိုင်ရာ ဆွေးနွေးပွဲတွင် အာဏာရပါတီမှလွှတ်တော် ကိုယ်စားလှယ်များ ၊အရပ်ဖက်အဖွဲ့အစည်းများ၊ ဥပဒေ ပညာရှင်များ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

"ဦးသိန်းစိန် လက်ထက် ၂၀၁၅ မှာ ရွေးကောက်ပွဲနဲ့ ကပ်ပြီး အများကြီးပြင်ပေးထားတယ်။ အာဏာရ ပါတီ တွေရဲ့သဘောတရားက အဲဒါတွေနဲ့သိပ်ကင်းတယ်လို့ပြောလို့မရဘူး။လွန်လွန်ကဲကဲ မဖြစ်ရင် တော်ပြီ ။ ၁၉၆၀ ခုနှစ်ထဲက ရွေးကောက်ပွဲကို မှီလာတာ ဒီလိုပါပဲ။ အရင်က ပိုပြီးတော့ လွပ်လပ် တယ်။ ဦးသန်းရွှေချခဲ့တဲ့၊ ဆွဲခဲ့တဲ့ ရွေးကောက်ပွဲမူ အတိုင်း စစ်အာဏာရှင်တွေ ချခဲ့တဲ့အတိုင်း လုပ်နေ တာပဲလေ။ နည်းနည်းပါးပါး ပြင်ဖို့အတွက် လိုအပ်လို့ပြင်တာ ဖြစ်ပါလိမ့်မယ် " ဟုဦးကြီးမြင့် က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် လွတ်လပ်တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃ နှင့်အညီ ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ တွင်တစ်ကြိမ်၊  ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် ဒုတိယအကြိမ် ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တတိယအကြိမ် ၊ ၂၀၁၆ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် စတုတ္ထအကြိမ် အထိ ပြင်ဆင်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly