သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွေးတွင်းကိုလက်စထရောများတာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာတွေကို ခံစားရနိုင်ခြေတော်တေ်ာလေးများစေပါတယ်။ သွေးတွင်းကိုလက်စထရောများရတဲ့ အဓိကအချက်က အစားအသောက်ပါ။ ဒါကြောင့် သွေးတွင်းကိုလက်စထရောမများရလေအောင် ဘာတွေကို ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေ။
သွေးတွင်းကိုလက်စထရောများစေတဲ့ အစားအစာတွေကဘာတွေလဲ……………….
ကိုလက်စထရောက ဆဲလ်တွေတိုင်းရဲ့လုပ်ဆောင်မှုအတွက်အရေးပါပါတယ်။ ဒါပေမယ့် ကိုလက်စထရောအရမ်းများသွားရင်တော့ မကောင်းပါဘူး။ ဒါကြောင့် ကိုလက်စထရောကို သင့်တင့်မျှတစွာ စားသုံးမိစေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားတာက အဆင်ပြေဆုံးဖြစ်မှာပါ။

ဥအမျိုးမျိုး

အာဟာရဓာတ်ကြွယ်ဝသလို ကိုလက်စထရောပါဝင်မှုလညး်များပါတယ်။ ဒါပေမယ့် ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောက် အန္တရာယ်ဖြစ်စေနိုင်တဲ့အထိတော့ မမြင့်တက်စေနိုင်ပါဘူး။ ဒါကြောင့် ကျန်မာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်ဥ ၁ လုံးကနေ ၃ လုံးအထိစားပေးလို့ရပါတယ်။ ကြက်ဥက ကိုလက်စထရောကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် B နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

ချိစ်

အဆီများတဲ့အစားအစာတစ်ခုဖြစ်သလို ကိုယ်လက်စထရောပါဝင်မှုလည်းအနညး်ငယ်တော့များပါတယ်။ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် B တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ချိစ်ကို တစ်နေ့ကို တစ်အောင်စ ကနေ နျစ်အောင်စလောက်အထိစားပေးလို့ရပါတယ်။

ပင်လယ်စာတွေ

ဂုံး၊ ကမာ၊ ဂဏန်း၊ ပုစွန်တို့လိုမျိုး ပင်လယ်စာတွေမှာ ပရိုတင်း၊ ဗီတာမင် B၊ သံဓာတ် နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေသလို ကိုလက်စထရောပါဝင်မှုကလည်း တော်တေ်ာလေးများပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်လောက်တဲအထိတော့ ကိုလက်စထရောပါဝင်မှု မများပါဘူး။

လိမ္မော်ရောင်အသားတွေ

နှလုံး၊ ကျောက်ကပ်၊ အသည်းတို့က အာဟာရပါဝင်မှုများတဲ့ လိမ္မော်ရောင်အသားတွေပါ။ ဓာတ်တိုးဆန့်ကငျ်အာနိသင်ကြွယ်ဝသလို ဗီတာမင် B12၊ သံဓာတ်နဲ့ ဇင့်တို့လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုလက်စထရောပါဝင်မှုမြင့်မားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ဓာတ်တွေပါဝင်နေတာကြောင့် အတန်အသင့်စားသုံးပေးလို့ရပါတယ်။

ဆာဒင်းငါး

အာဟာရကြွယ်ဝသလို အရသာလည်းရှိပြီး ကိုလက်စထရောပါဝင်မှုလည်းများပါတယ်။ ဆာဒင်းငါးတွေမှာ သံဓာတ်၊ ဆီလီနီယမ်၊ဇင့်၊ကော့ပါး၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

ဒိန်ချဉ်

ပရိုတင်း၊ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အာဟာရကြွယ်ဝသလို ကိုလက်စထရောလည်းကြွယ်ဝစွာပါဝင်နေပါတယ်။

အခုပြောခဲ့တဲ့အစားအစာတွေက ကိုလက်စထရောပါဝင်မှုများတယ်ဆိုပေမယ့် ကျန်းမာရေးကိုထိခိုက်စေတာမျိုးမရှိတာကြောင့် စားသုံးပေးဖို့သင့်တော်ပါတယ်။

ဆီကြော်စာတွေ

ဆီကြော်စားတွေကတော့ ကိုလက်စထရောပါဝင်မှုများပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် လုံးဝမစားသင့်ပါဘူး။ ဆီကြော်စားတော်တေ်ာများများမှာ အသွင်ပြောင်းဆီတွေပါဝင်နေတာကြောင့် စားသုံးမိတာများလေလေ ကျန်းမာရေးကို ထိခိုက်စေနိုင်လေလေပါ။ ဒီအစားအစာတွေကို အများကြီးစားသုံးမိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ၊ အဝလွန် နဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေပိုများနိုင်ပါတယ်။

အမြန်စားအစားအစာတွေ

ဒါတွေက နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်တာကြောင့် မစားသင့်ဘူးဆိုတာ အသေအချာပါ။ ကိုလက်စထရောပါဝင်မှုများတဲ့အစားအစာတွေကို အမြဲလိုလိုစားနေမယ်ဆိုရင် နှလုံးရောဂါ၊ ဆီးချိုနဲ့ အဝလွန်တာတွေဖြစ်စေနိုင်ပါတယ်။

ပြုပြင်ထားတဲ့အစားအစာတွေ

အဆီတွေပါဝင်မှုများသလို အချိုတွေ၊အငန်တွေလည်းကဲပါတယ်။ ဒီအစားအစာတွေကို အများကြီးစားမိတာက သွေးတွင်းအဆီဓာတ်တင်မဟုတ်ဘဲ။ သွေးတိုးစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုပါ မြင့်တက်စေနိုင်ပါသေးတယ်။ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ပြုပြင်ထားတဲ့ အစားအစာတွေကို အများကြီးမစားဖို့ ပြောပါရစေ။

အချိုပွဲတွေ

အချိုပွဲတွေဆိုတဲ့နေရာမှာ ကွတ်ကီးတွေ၊ ရေခဲမုန့်၊ အချိုရည်အပါအဝင် ကိုလက်စထရောပါဝင်မှုများတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေအများကြီး ပါဝင်နေပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတာပါ။ ဒါ့ကြောင့် သွေးတွင်းကိုလက်စထရောများပြီး အဝလွန်တာ၊ ဆီးချို၊နှလုံးရောဂါ၊ သိမြင်မှုစွမ်းရည်ကျဆင်းတာနဲ့ အခြားသော ကင်ဆာရောဂါတွေမဖြစ်စေဖို့အတွက် အချိုပွဲတွေကို တတ်နိုင်သမျှလျှော့စားပေးဖို့လိုပါမယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly