သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်ရှိ ၃၁ မိုင်တံတားထပ်မံဖောက်ခွဲခံရ

သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်ရှိ ၃၁ မိုင်တံတားထပ်မံဖောက်ခွဲခံရ
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ သြဂုတ် ၂၈ ။            ။ ပြန်လည်ပြင်ဆင်ထားသည့် သိန်နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းကြောင်းပေါ်ရှိ ၃၁ မိုင်တံတားမှာ သြဂုတ်လ ၂၇ ရက်ညပိုင်းတွင် ဒုတိယအကြိမ်ထပ်မံဖောက်ခွဲခံခဲ့ရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္စျိမသို့ ပြော သည်။

အဆိုပါတံတားသည် နားတီးကျေးရွာအထွက်တွင်တည်ရှိကာ သြဂုတ်လ ၁၇ ရက်နေ့က ပထမအကြိမ် ဖောက်ခွဲခံခဲ့ရပြီး သြဂုတ်လ ၂၅ ရက်တွင်ကားများပြန်လည်သွားလာနေသည့်လမ်းဟုလည်း သိရသည်။

“သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းကြောင်းပေါ်က ၃၁ မိုင်တံတားကို ည ၁၁ နာရီမှာထပ်ပြီးတော့ အချိုး ခံရတယ်။ ဖောက်ခွဲခံရတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

ထို့ကြောင့် ကားများသွားလာနိုင်ရန် လမ်းလွှဲကို သြဂုတ် ၂၈ ရက်နေ့ တစ်ရက်အတွင်း အပြီးဖောက်လုပ် သွားမည်ဟု သိရပြီး ဘေလီတံတား ထိုးခြင်းကိုလည်း ဆောင်ရွက်သွားရန်ရှိသည်ဟု ၎င်းကပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့ဖြစ်စဉ်အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဂုတ်တွင်းတံတား၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပေါ်တွင် မန်တုံစွန်တံတား၊ နားတီး ကျေးရွာအထွက် (၃၁)မိုင်တံတားနှင့် (၄၁)မိုင် သံကူကွန်ကရစ် တံတား(ဗြုန်းတောင်) တို့ဖောက်ခွဲခံခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကွတ်ခိုင် - မူဆယ်လမ်းပိုင်းတွင် ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီးနောက် လမ်းကို ယာယီပိတ်ခဲ့ရသော်လည်း သြဂုတ် ၂၈ ရက်တွင်ပြန်လည်သွားလာနိုင်ပြီဟု နယ်စည်းမခြားပရိဟိတအဖွဲ့မှ ကိုမျိုးကပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ်ကားကြီးများနှင့် ခရီးသည်ယာဉ် အချို့ပိတ်မိ ခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required