ရန်ကုန်မြို့မြေပုံ ရေးဆွဲပြီးစီးခဲ့သည့်စီမံကိန်းအတွက် နောက်ထပ်နည်းပညာအကူညီများ လိုအပ်နေဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်မြို့မြေပုံ ရေးဆွဲပြီးစီးခဲ့သည့်စီမံကိန်းအတွက် နောက်ထပ်နည်းပညာအကူညီများ လိုအပ်နေဟု ဝန်ကြီးချုပ်ဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ သြဂုတ်လ ၂၈ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် ၃၃မြို့နယ်အတွက် မြေပုံရေးဆွဲပြီးစီးခဲ့သည့် စီမံကိန်းအတွက် ဂျပန်နိုင်ငံ၏ နည်းပညာအကူညီများ ဆက်လက်လိုအပ်နေသည့် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

"အခုရရှိလာတဲ့ နည်းပညာတွေဟာ အလွန်အင်မတန်အဆင့်မြင့်ပါတယ်။ နိုင်ငံတကာစံချိန်စံညွှန်းတိုင်း ရှိပါတယ်။ ကျွန်တော်သေသေချာချာမသိသေးတဲ့ Orthopotos စနစ်နဲ့ Station စနစ်နဲ့ဆောက်တဲ့ပုံစံတွေ မေး ကြည့်ပါတယ်။ ဒီအတွက် ရန်ကုန်မှာ ၅ခုလောက် ဆောက်ထားတယ်။နေပြည်တော်မှလည်း တည်ဆောက် မယ့်ဂြိုလ်တုက တစ်ဆင့် အချက်အလက်တွေကိုပေါင်းစပ်မယ်။ဒီနည်းပညာပိုင်းဆိုင်ရာကိစ္စက အဆင့်မြင့် နည်းပညာတွေ ဖြစ်ပါတယ်။ဒီကဏ္ဍအတွက် ဂျပန်နိုင်ငံရဲ့ အကူညီပေးမှုက ဆက်လက်လိုအပ်နေဦးမှာပါ " ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြေပုံရေးဆွဲရေးလုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် မြေပုံရေးဆွဲရေး စီမံကိန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနား ကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Prak Royal Hotel မှာ ကျင်းပခဲ့သည်။

"အခုရလာတဲ့ Station ကတဆင့် ကောင်းမွန်တဲ့အချက်အလက် Data တွေကို အမြဲတမ်းအသုံးပြုနိုင်ဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွ႔ံဖြိုးတိုးတက်ရေးကို စနစ်တကျဆက်လက်ဆောင်ရွက်ဖို့အတွက် ဒီ Mapping ဟာ အလွန်အင်မတန် အရေးကြီးပါတယ်။ ဂျပန်နိုင်ငံရဲ့အားပေးကူညီမှုနဲ့နည်းပညာပိုင်းတွေကို ရယူပြီး ကျွန်တော် တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး ရန်ကုန်မြို့တော်ကြီးဖွံ့ဖြိုးတိုးတက်ရေး ရန်ကုန်တိုင်းရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါ " ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ထပ်မံပြောဆိုသည်။

ရန်ကုန်မြို့တော်မြေပုံအသစ်ပြန်လည်ရေးဆွဲရေးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ မှစတင်ကာရေးဆွဲ ခဲ့ပြီး Yangon Mapping Project သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ထဲမှာ ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည်။ အဆိုပါကိစ္စအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ သွားရောက်စဉ် အကူညီတောင်းခံခဲ့သည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

Yangon Mapping Project ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငွေရတောင် ၊ လှည်ကူး ၊ ထန်းတပင် ၊ သန်လျင်ရေကြောင်းတက္ကသိုလ် ၊ တွံတေးမြို့နယ်တို့ တွင် CORS(Continuously Operating Reference Station) ၅ခုမှ လွှင့်ထုတ်လိုက်သည့် ဂြိုလ်တုအချက်အလက်များကို ဖမ်းယူကာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မြေတိုင်းရုံး Contronl Center သို့ရောက်ရှိမည် ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly