ကိုယ်က အမြွာမွေးနိုင်ချေများတဲ့ လူတစ်ယောက်လား

ကိုယ်က အမြွာမွေးနိုင်ချေများတဲ့ လူတစ်ယောက်လား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက်  အမြွာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ အမြွှာလိုချင်တဲ့စုံတွဲတိုင်း ဒါလေးတွေသိထားသင့်တယ်နော်။ ။
အမြွှာလေးမွေးမလား မမွေးဘူးလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။
မျိုးရိုး။

မျိုးရိုးထဲမှာ အမွှာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွှာလေးမွေးနိုင်ချေများပါတယ်။ အထူးသ့ဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွှာလေးတွေ မွေးနိုင်ချေရှိပါတယ်။
လူမျိုး ။

အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွှာလေးတွေ မွေးနိုင်ချေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေလူဖြူတွေထက် အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်
ကလေးအများကြီးမွေးထားတဲ့အခါ

ရှေ့မှာ ကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။ ကလေး ၈ ယောက်လောက်မွေးပြီးတဲ့သူတွေက အမြွှာမွေးနိုင်ချေပိုများပါတယ်။
အသက်ကြီးတဲ့ အမျိုးသမီးတွေ

လေ့လာချက်တွေအရ အသက် ၃၅ နှစ်ကျော်တဲ့အခါ တစ်လကို သားဥ နှစ်လုံးလောက်ကြွေတတ်တာကြောင့် ၃၅ နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေက အမြွှာမွေးနိုင်ချေပိုများတယ်လို့ဆိုပါတယ်။
ကိုယ်အလေးချိန်

BMI 25နဲ့ အထက်ဆိုရင် ဝနေတယ်လို့သတ်မှတ်ကြပြီး BMI 30 ကျော်နေပြီဆိုရင်တော့ အဝလွန် နေတယ်လို့ဆိုကြပါတယ်။ဒီလို အဝလွန်တာမှာ မကောင်းတာတွေများပေမယ့် အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ အခြားသူတွေထက်ပိုများတယ်ဆိုတဲ့ ကောင်းတဲ့အချက် တစ်ချက်တော့ရှိပါသေးတယ်။ အထူးသဖြင့် non-identical twin ရုပ်ချင်းမတူတဲ့ အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။
အမြွှာရင်သွေးလေးလိုချင်တယ်ဆိုရင် ဘာတွေလုပ်လို့ရမလဲ။

စားသောက်မှု ပုံစံ ။

    ပရိုတင်းနဲ့ နို့ထွက်ပစ္စည်းတွေများများစားပေးရင် အမြွာကိုယ်ဝန်ဆောင်နို်င်ရချေပိုများပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အသီးအရွက်တွေ အဆီနည်းတဲ့ အစားအစာတွေများမျာစားတဲ့သူတွေက အမြွှာကိုယ်ဝန်ရနိုင်ချေနည်းပါတယ်။

ဖြည့်စွက်ဆေးဝါးများ။

    အားလုံးကြားဖူးကြမှာပါ။ အမြွှာကိုယ်ဝန်ဆောင်ချင်ရင် ဆေးတွေ သောက်လို့ရတယ်ဆိုတဲ့အကြောင်းကိုလေ။ ဒါမှန်ပါတယ်။
    အမြွှာလေးတွေ လိုချင်တဲ့သူတွေအတွက် အမျိုးသားဆီက သုက်ပိုးလေးတွေ အားကောင်းအောင်သန်စွမ်းအောင် ( ဒါမှမဟုတ်) အမျိုးသမီးဆီက မျိုးဥ တစ်လုံးထက်ပိုကြွေအောင်လုပ်လို့ရတဲ့ ဆေးတွေရှိပါတယ်။
    ဒါပေမယ့် ဆေးတွေကို ကိုယ့်ဘာသာ ဝယ်သောက်တာထက်စာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်နဲ့ တည့်မတည့် စမ်းသပ်ပြီးမှ သောက်တာက ပိုစိတ်ချရမှာပါ။

ရင်သွေးတစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ အချိန်ခြားတာ။

    ရင်သွေးတွေကို အချိန်သိပ်မခြားဘဲ မွေးတဲ့ အမျိုးသမီးတွေထက်စာရင် ရင်သွေးတစ်ယောက်နဲ့ တစ်ယောက်ကြားထဲ ၄ နှစ် ၅ နှစ်လောက်ခြားထားတဲ့ အမျိုးသမီးတွေက အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ ပို်များပါတယ်။

ဖန်ပြွန်သန္ဓေသားကိုယ်ဝန် ။

ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်တဲ့အခါ တစ်ယောက်တည်း လိုချင်လား ။နှစ်ယောက်လိုချင်လား ကိုယ်လိုချင်သလို ရွေးလို့ရတာကြောင့် ဖန်ပြွန်သန္ဓေသားကိုယ်ဝန်နဲ့ try ကြည့်လို့လည်း ရပါတယ် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly