KNU ၊ ABSDF၊ RCSS တို့အား မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်

KNU ၊ ABSDF၊ RCSS တို့အား မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် ။ ။ မကြာမီ NCA ကို လက်မှတ်ရေးထိုးတော့မည့် အဖွဲ့အစည်း ၃ ခုအား မတရားအသင်းများအဖြစ်မှ ပယ်ဖျက်လိုက်ပြီဟု ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာသည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/ SSA တို့အား အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ABDF နှင့် RCSS/ SSA တို့အား အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ အကြမ်းဖက်သူများအဖြစ်မှလည်း ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ကြေငြာသည်။

အောက်တိုဘာ ၁၅ တွင် နေပြည်တော်၌ ABSDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ တို့ NCA အား အတူတကွ လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးမည့်သူများအား လက်မှတ်မထိုးမီ မတရားအသင်းများအဖြစ်မှ ပယ်ဖျက်ပေးမည်ရမည်ဟု သဘောတူညီချက်များရှိခဲ့ရာ ကျန် ၅ ဖွဲ့ကိုမူ မူလကတည်းက မတရားအသင်းအဖြစ်ကြေငြာထားခြင်းမရှိဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly