Natural Garment စက်ရုံမှ အလုပ်သမားများ အလုပ်သမားဥပဒေချိုးဖောက်ခံရခြင်းကြောင့် ဆန္ဒထုတ်ဖော်

Natural Garment စက်ရုံမှ အလုပ်သမားများ အလုပ်သမားဥပဒေချိုးဖောက်ခံရခြင်းကြောင့် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ သြဂုတ်လ ၂ ။        ။ အမေရိကန်နိုင်ငံသား ရင်းနှီးမြှပ်နှံထားသည့် Natural Garment စက်ရုံမှအထည်ချုပ် အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း လုပ်အားခေါင်းပုံဖြတ်မှုများ ၊ အလုပ်သမားဥပဒေမလိုက်နာခြင်းစသော အချက်များကြောင့် သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ကျွန်တော်လမ်း နှင့် နာနတ်တောလမ်းထောင့်တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

“ဒီစက်ရုံမှာကလေးတွေအတွက် ရာသီဥတုနဲ့လည်းညီမျှမှုမရှိဘူး။ အပူပိုင်းဆိုင်ရာလည်း အရမ်းများတယ်။ ဆေးတွေလည်း လုံလောက်မှုမရှိဘူး။ အမေရိကန်နိုင်ငံသားဖြစ်ရဲ့သားနဲ့ စက်ရုံမှာလုံလောက်မှုမပေးနိုင်ဘူး။ အဲဒါကြောင့်တောင်းဆိုခြင်းဖြစ်ပါတယ်။ လိုအပ်ချက်က လစာပါ။တစ်ခြားစက်ရုံထက်အရမ်းနည်းပါတယ်။ညှို ရတာလည်း အရမ်းညှိရပါတယ်။ ၁၇ ရက်နေ့ထဲစတင်ညှိနေတာ ၃၀ ရက်နေ့မှအဆင်ပြေသွားတယ်။ဒါတောင် အနည်းအကျဉ်းပဲရပါတယ်” ဟု Natural Garment စက်ရုံမှ စက်ချုပ်အလုပ်လုပ်ကိုင်နေသည့် မသန္တာဖြိုး က မဇ္စျိမသတင်းဌာန ကိုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံနှင့် စက်ရုံအလုပ်သမားများ ဆက်လက်ညှိနှိုင်း ဆွေးနွေးနေပြီး လုပ်ငန်းခွင် အတွင်း အတင်းအကြပ်အချိန်ပိုဆင်းခိုင်းခြင်း နှင့်လုပ်ငန်းခွင်အတွင်း တရားမျှတမှု  ၊ အလုပ်သမား ဥပဒေ တို့ကိုဆန့်ကျင်ခြင်းတို့ကြောင့် ယခုကဲ့သို့ စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

“ ရလောက်အောင် ညှိပေးရမှာပေါ့၊ အခုလောလောဆယ်တော့ ဘာမှာအစီစဉ်မဆွဲရသေးဘူး။ အလုပ်သမား ခေါင်းဆောင်တွေရှိတယ်။ ရမယ့်အနေအထား အကုန်လုံးကို တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ အထဲမှာတင် ညှိနှိုင်းသွားမှာပါ။ ဒါက ၄ နှစ်အကြာဖိအားပေးမှုတွေကြောင့် ဒါက ကလေးတွေအကုန်လုံးစုပြီး ပေါက်ကွဲမှု ဖြစ်တာပါ။ ၄ နှစ်လုံးလုံး စက်ရုံထဲမှာဖိအားပေးခံရတယ်။သူတို့ ပြောသမျှနာခံရတယ်။ ဥပဒေချိုးဖောက်မှုတွေကို သိသိကြီးနဲ့ ကလေးတွေက မလုပ်ရဲကြဘူး။ အခုမှအရမ်းကိုပေါက်ထွက်လာလို့ အပြင်ကိုထွက်လာကြတာပါ” ဟု မသန္တာဖြိုး က ဆက်ပြောသည်။

အဆိုပါစက်ရုံတွင် စက်ရုံခေါင်းဆောင်များက လက်အောက်ငယ်သားများကို ဆဲဆို စောင်းမြောင်းခြင်းများ ပြုလုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့ရခြင်းလည်းရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာတွင် အလုပ်သများမှ နာနတ်တောလမ်းနှင့် ကျွန်းတောလမ်းထောင့်တွင် ဗီနိုင်းများ ကိုင်ဆောင်ကာ“Stop Force ot force Labour Sexual Harassment ၊ We Want Decent Work Not Sweat Factory ၊ Respect Labour  Laws” စာတန်းများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required