ရန်ကုန်၊ ဇူလိုင် ၃၀ ။ ။ ဖန်ဂရန်ရာဇီရေခဲတောင်ပေါ်မှ မစိမ့်ထက် ပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့ အထိ ရုံးချိန်းများတွင် တရားလိုပြသက်သေ ခြောက်ဦးကို ပူတာအို မြို့နယ်တရားရုံးတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးမှုကို မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက တရားလိုပြုလုပ် တရားစွဲခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ ခြောက်ဦးအထိ စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် ပါမယ် ၊ ဦးသိန်းဟန် တို့ကို စစ်ဆေးတာပါ။ ပြီးခဲ့တဲ့လက စခန်းမှာ အစစ်ခံရတာပေါ့ ၊ အခုက ရုံးမှာ ပထမဆုံးအကြိမ်ပါပဲ။ စစ်ဆေးခံရပါတယ်။ အစိုးရ သက်သေ ငါးယောက်ပေါ့ ၊ ရာဇသတ်ကြီးပေါ့ ။ ၆၀/၂၀၁၉ နဲ့ ၃၀၄ (က) နှစ်ခု နဲ့ အဖွဲ့ခေါင်းဆောင် နဲ့ ဒုတိယခေါင်းဆောင် နှစ်ယောက်ကို စွဲဆိုထားတာပါ” ဟု သေဆုံးသူ မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောသည်။
- ရေခဲတောင်တက်ရင်း ပျောက်ဆုံးခဲ့သည့် သမီးဖြစ်သူအတွက် ဖခင်က တရားစွဲရန်ပြင်ဆင်နေ
- မစိမ့်ထက်ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီးမှသာ ဥပဒေကြောင်းရ ဆက်လုပ်မည်
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါ The Summiter တောင်တက်အဖွဲ့သည် ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်ခဲ့ပြီး တောင်ပေါ်မှ ပြန်အဆင်းတွင် မစိမ့်ထက်ဆိုသူ အမျိုးသမီးက ခြေချော်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
- ရှာဖွေတွေ့ရှိသော မစိမ့်ထက်၏ ရုပ်အလောင်းကို ပြန်မသယ်ဘဲ ပူတာအိုတွင် မီးသင်္ဂြိုဟ်မည်
- သေဆုံးသွားသော မစိမ့်ထက်ရုပ်အလောင်း ရင်ခွဲစစ်ဆေးပြီးသည့် အဖြေကိုစောင့်နေဟု ဆို
မေ ၂၅ ရက်နေ့က ရေခဲလွတ်ရာနေရာတစ်နေရာတွင် မစိမ့်ထက်ရုပ်အလောင်းကို ကူညီရှာဖွေရေးအဖွဲ့မှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပူတာအိုတွင် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တောင်ပေါ်တက်ရာတွင် ပစ္စည်းကိရိယာအစုံအလင်နှင့် တောင်တက်ကြိုးအသုံးပြု တက်ရောက်သင့် ကြောင်း ၊ ဌာနဆိုင်ရာများကို ပြောသွားပါက ယခုလို လူမသိ၊သူမသိ ဒုက္ခမရောက်နိုင်ကြောင်း၊ စစ်ဆေးပြီး ခွင့်ပြုမည်ဆိုပါက မစိမ့်ထက် ဒီလိုမျိုး ဖြစ်မည်မဟုတ်ကြောင်း ဖခင်ဖြစ်သူက ပြောဆိုထားသည်။