အဆီများပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာ (၅) မျိုး

အဆီများပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာ (၅) မျိုး

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အစားအစာတွေကို အဆီများတယ်ဆိုပြီး ရှောင်စားနေတာတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဆုံးဖတ်ကြည့်လိုက်ပါနော်။ အချို့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများနေတတ်လို့ပါ။
အဆီများပေမယ့်ကျန်းမာရေးအတွက် အကျိုးများတဲ့ စားစရာတွေက ဘာတွေများလဲ……………….

ဒီအစားအစာကိုတွေကို အဆီပါဝင်မှုများလို့ကျန်းမာရေးနဲ့မညီညွတ်လောက်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တေ့ာ့ကျန်းမာချင်တယ်ဆိုရင် ဒီအစားအစာတွေကို စားပေးဖို့ လိုအပ်ပါမယ်နော်။

(၁) ထောပတ်သီး

ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ အဆီပါဝင်မှုများပါတယ်။ ထောပတ်သီးမှာ အဆီပါဝင်မှုက ၇၇ ရာခိုင်နှုန်းအထိရှိပြီး အသားတွေမှာပါဝင်နေတဲ့ အဆီပမာဏထက်များနေပါတယ်။ ဒါပေမယ့် ထောပတ်သီးက ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြုကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။ အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိ်ပါတယ်။

(၂) ချိစ်
အာဟာရကြွယ်ဝတဲ့ အစားအသောက်ရင်းမြစ်တစ်ခုပါ။ချိစ်မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊ phosphorus နဲ့ ဆီလီနီယမ်အပြင် အခြားသော အကျိုးပြု အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ပရိုတင်းကြွယ်ဝစွာပါဝင်သလို fatty acid ပါဝင်နေတာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၃) အနက်ရောင် ချောကလက်

အနက်ရောင်ချောကလက်က အရသာရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာတစ်ခုပေါ့။ အဆီပါဝင်မှုကတော့ ၆၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အမျှင်ဓာတ်က ၁၁ ရာခိုင်နှုန်း ပါဝင်နေပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ မဂ္ဂနိ့တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်ပြီး နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေး ပါတယ်။ တစ်ပတ်ကို အနက်ရောင် ချောကလက် ၅ ကြိမ်ထက်ပိုစားသုံးသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက်အထိလျှော့ချနိုင်ပါတယ်။ နှလုံးသွေးစီးဆင်းမှုကိုကောင်းစေနိုင်သလို နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။  ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမဖြစ်အောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

(၄) ဥအမျိုးမျိုး

တော်တေ်ာများများက ဥအမျိုးမျိုးကို ကျန်းမာရေးနဲ့မညီညွတ်ကြဘူးလို့ ယူဆတတ်ကြပါတယ်။ ဥအမျိုးျမျိုးမှာ အနှစ်က ကိုလက်စထရော နဲ့ အဆီများစွာပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့မညီညွတ်ဘူး၊လို့ ယူဆသူတွေရှိနေကြပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုလက်စထရော ၇၁ ရာခိုင်နှုန်းပါဝင်နေပြီး အဆီက ၆၂ ရာခိုင်နှုန်းအထိပါဝင်နေပါတယ်။ တွေ့ရှိချက်အရကတော့ ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ နောက်တစ်ခုက ဥအမျိုးမျိုးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာပါ။ ဥအမျိုးမျိုးမှာ အမြင်အာရုံကို ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ နောက်တစ်ခုက ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ ကိုလင်းဓာတ်ပါဝင်နေတာပါ။ ပရိုတင်းကြါယ်ဝစွာပါဝင်နေတာကြောင့် ဝိတ်ချနေသူတွေအတွက်တောင် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ omega-3 လည်းကြွယ်ဝတာကြောင့် ကြက်ဥ၊ဘဲဥတွေကိုစားတဲ့အခါ အနှစ်ရော အကာကိုပါစားပေးပါနော်။

(၅) အဆီများတဲ့ငါး

တိရစ္ဆာန်တွေကနေရတဲ့ အဆီတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပေမယ့် ငါးတွေကနေရတဲ့အဆီကတော့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ အဆီများတဲ့ငါးတွေကို စားသုံးပေးသင့်ပါတယ်။ ဆယ်လ်မွန်၊ ထရောက်ငါး၊ မက်ကာရယ်၊ ဆာဒင်းငါးတွေက နှလုံးကျန်းမာစေနိုင်တဲ့ omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ငါးတွေမှာပါတဲ့ အဆီတွေက နှလုံးကျန်းမာစေနိုင်သလို စိတ်ဓာတ်ကျတာ နဲ့ အခြားအာရုံကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ နောက်တစ်ချက်က အဆီများတဲ့ ငါးတွေက ဗီတာမင် D ကိုလည်း ရရှိစေနိုင်ပါတယ်။

အခုပြောခဲ့တဲ့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများတာကြောင့် ထိုက်သင့်သလောက်တော့ စားသုံးကြပါလို့ Hello ဆရာဝန်ပရိသတ်ကြီးကို တိုက်တွန်းပါရစေလား……………..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly