ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ရေယာဉ်နစ်မြုတ်ပြီး လူ ၁၀ ဦး ပျောက်ဆုံးနေ

ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ရေယာဉ်နစ်မြုတ်ပြီး လူ ၁၀ ဦး ပျောက်ဆုံးနေ

ဇူလိုင် ၂၆ ၊ ပုသိမ် ။         ။ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊သံတွဲမြို့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် ဘိလပ်မြေအိတ် နှစ်သောင်းခွဲ တင်ဆောင်လာသည့်ရေယာဉ်မှာ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အနီး နစ်မြုပ်ခဲ့ပြီး ရေယာဉ်လုပ်သား ၁၀ ဦး ပျောက်ဆုံးနေသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက်နေ့၊ ညနေ လေးနာရီ ဝန်းကျင်တွင် ဘိလပ်မြေအိတ်များတင်လာသည့် "MV ထာဝရအားမာန်" ကမ်းရိုးတန်းသွားကုန်တင်သင်္ဘောသည် ပြာမလော့မြစ်မှ ရေမိုင် ခုနစ်မိုင်အကွာတွင် မိုးသက်လေပြင်းနှင့် ကြုံ၍ နစ်မြုပ်ခဲ့ရာ သင်္ဘောပေါ်တွင် ပါရှိသည့် ရေလုပ်သား ၁၉ ဦးအနက် ကိုး ဦး ကယ်ဆယ်ရရှိခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးနေခြင်း ဖြစ်သည်။

နစ်မြုပ်ရေယာဉ်မှ ရေလုပ်သား ကိုးဦးမှာ ရေယာဉ်ပေါ်ပါ သက်ကယ်လှေဖြင့် ပြင်စလူမြို့နယ် အိုင်မကျေးရွာ ကမ်းခြေသို့ဇူလှိုင်လ၂၆ ရက်နေ့၊နံနက်လေးနာရီတွင် ရောက်ရှိလာခဲ့သဖြင့် ရေလုပ်သားများအား လပွတ္တာမြို့နယ်၊ သုံးမိုင်ဆေးရုံသို့ပို့ဆောင်ထားသည်။

ရေယာဉ်နစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့် ရေယာဉ်မှူးပါ ၁၀ ဦးအား ကယ်ဆယ်နိုင်ရေးအတွက် စစ်ရေယာဉ်များ၊ပြင်စလူမြို့ အုပ်ချုပ်ရေးအဖွဲ ့အစည်းများမှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးရာသီ၌ ခရီးသည်တင်စက်လှေများနှင့် ကုန်တင်ရေယာဉ်များအား ညပိုင်းတွင် ထွက်ခွာခွင့်မပြုကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required